Thursday, October 4, 2012

အများအကျိုးအတွက်လုပ်ဆောင်ပေးနေသူ ဦးနေမျိုးဝေအမှုအား လမ်းပြကြယ်မှ ၀ိုင်းဝန်ကူညီ

ဇေကမ္ဘာဦးခင်ရွှေ၏ မန်နေဂျာ ဦးမြင့်ဇော်မှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ ဖြင့် ဆွဲဆိုထားသော အမှုကိစ္စအား လိုက်ပါဆောင်ရွက်ရန် ရှေ့နေ ဦးအေးမြင့်(လမ်းပြကြယ်)၊ ဦးနန္ဒကျော်၊ ဦးဗညားဘုန်းနိုင်နှင့် ဒေါ်စန်းစန်းဝင်း တို့မှ အောက်တိုဘာလ (၄)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တရားရုံး၌ ကိုယ်စားလှယ်ပါဝါ လက်မှတ်ရေး တင်ခဲ့ကြောင်းသိရှိရ သည်။


ဆိုပါအမှုအား အောက်တိုဘာလ(၄)ရက်နေ့ နံနက်(၁၁)နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်တရားရုံး၌ တရား လိုဖြစ်သူ ဇေကမ္ဘာကုမ္မဏီ မန်နေဂျာ ဦးမြင့်ဇော်အား စစ်ဆေးခဲ့ရာ တရားလိုအကျိုတော်ဆောင် တရားလွှတ်တော်ရှေ့နေမှ နိမိတ်ပြမေးခွန်းများမေးမြန်းခဲ့သည့်အတွက် စွတ်ဆွဲခံရသူ ဦးနေမျိုးဝေ၏ အ ကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဦးအေးမြင့်(လမ်းပြကြယ်)မှ ဥပဒေအရနုတ်ဖြင့် ကန့် ကွက် ခဲ့ပါသည်။ ၄င်းနိမိတ်ပြမေးခွန်းများမေးမြန်းခဲ့ခြင်းနှင့်ပတ်သက်၍ ဥပဒေအရမေးမြန်းခွင့် ရှိခြင်း/ မရှိခြင်းအငြင်းပွားမှုကို နှစ်ဦးနှစ်ဖက် အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေများမှ လျှောက်လွဲချက်ကို အောက်တိုဘာလ(၁၁)ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်တရားရုံး၌ စာဖြင့်တင်သွင်ရမည်ဖြစ် ကြောင်း သိရသည်။

စွတ်ဆွဲခံရသူ ဦးနေမျိုးဝေ၏ အမှုကိုလိုက်ပါဆောင်ရွက်သူ ရှေ့နေဦးအေးမြင့် (လမ်းပြကြယ်) က ''နေမျိုးဝေက လယ်သမားအကျိုးအတွက်လုပ်ပေးလို့ တရားစွဲခံရတယ်။ဒီအမှုကို ဥပဒေရှုထောင့်က သေချာ ကြည့်ရင် သေးသေးလေးပါ။ ဒါပေမယ့် ဒီအမှုမျိုးက လယ်သမားအပေါ် မတရားသဖြင့်လုပ်ထားတဲ့သူတွေက သူတို့လုပ်ထားတဲ့မတရားမှုမှာ ခံရတဲ့လယ်သမားဘက်ကလိုက်ပေးရင် လိုက်တဲ့သူထောင်ထဲရောက်မယ်။ ဒါကို မင်းတို့ ကြည့်ကြ။ ဒီလို ဖြစ်မယ်ဆိုတာ နမူနာအနေနဲ့ နေမျိုးဝေကိုတရားစွဲပြတာလို့ မှတ်ပါတယ်။ ဒီအမှုကို ဥပဒေနားလည်တဲ့သူတွေက မကူညီခဲ့ရင် မတရားလုပ်တဲ့သူတွေက နိုင်သွားတော့မှာပေါ့။ ဒါ ကြောင့် ကျွန်တော်တို့ ဒီအမှုမှာ မေတ္တာနဲ့ ကူညီပေးဖို့ လာရောက်ရခြင်း ဖြစ်ပါတယ်'' ဟု အောက်တိုဘာလ (၄)ရက်နေ့၌ ပြောကြားခဲ့သည်။

ကိုရှင်


No comments:

Post a Comment