Tuesday, October 2, 2012

"၁၀ဘီးကားကိုမြန်မာအလုပ်သမားစီးလာသည့်ကားတိုက်"

ဆယ်ဘီးကားတိုက်မိ မြန်မာ၎ဦးဆေးရုံတင်
အောက်တိုဘာ ၂ ရက်
ကိုတီး
စက်တင်ဘာ ၃၀ ရက်နေ့ညနေက   တာ(ခ်)ခရိုင် မဲဆောက်မြို့ ထာ့ဆိုင်လွ ရပ်ကွက် ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် အလုပ်သမား ၉ဦးတင်ဆောင်လာသည့် ပေါင်မုန့်ကား က လမ်းတွင် ရပ်ထားသည့် ၁၀ ဘီးကားနောက်ဘက်အား ၀င်ရောက်တိုက်မိသဖြင့် မြန်မာအလုပ်သမား ၄ဦးကို နီးစပ်သည့် ဆေးရုံတွင် တင်ထားရကြောင်း TV THAI PBS    သတင်း တွင်ဖေါ်ပြသွားသည်။ လမ်းမပေါ်တွင် ရပ်ထားသော ၁၀ဘီး ကားမောင်းဒရိုင်ဘာကိုလည်း  ယာဉ်လမ်းကြောင်း ပိတ်ဆို့မှု့ဖြင့် ဥပဒေ အရ အရေးယူသွား မည်ဖြစ်ကြောင်း  
                              “မြန်မာတစ်ဦးအရက်မူးပြီး တိုက်ပေါ်မှပြုတ်ကျသေဆုံး”
စက်တင်ဘာ ၃၀
ကိုတီး
ဘန်ကောက်မြို့ ရမ်ကန်းဖယ်ရပ်ကွက် စွေး  ၉၃  အဆောက်ဥိီး တွင် ဌါးနေသော မြန်မာအလုပ်သမား
မောင်ဝမ်း ဆိုသူသည် အရက်မူး၍ ပြုတ်ကျသေဆုံးသွားခဲ့သည်။
မောင်ကျော်မင်း နှင့် မောင်ဝမ်း  ၃၀ ရက်နေ့တွင် မြန်မာပြည်ပြန်ရန် အရက်သောက်ရင်း အငြင်းအခုန် ပြောကြကာ ထိုးကြိတ်ကြပြီးနောက်  မောင်ဝမ်းက သူနေသောအခန်း ပြန်သွားရာ အခန်းမရောက်ဘဲ တိုက်ပေါ်မှပြုတ်ကျသွားသဖြင့် အနီးတဝိုက် မှသက်ဆိုင်ရာကိုအကြောင်းကြားခဲ့သည်။ ကျော်မင်းမျက်နှာတွင် ဒဏ်ရာများနှင့်အတူ ထွက်ဆိုချက် အရ မောင်ဝမ်း စိတ်နှင့်ပတ်သက်သော ရောဂါရှိသည်ကို ကျော်မင်းက သိထားသည်။ မောင်ဝမ်းမှာစိတ်နှင့် ပတ်သက်သော ရောဂါရှိသည်ကို ပြောရမည်လား ပာု မကျေမနပ်ဖြစ်ကာ ယ္ခုလို မျက်နှာကို လက်သီးနှင့်အထိုးခံရခြင်းဖြစ်သည် ပြေပာု TV  THAI PBS  သတင်းတွင်ဖေါ်ပြထားသည်။

No comments:

Post a Comment