Tuesday, October 2, 2012

ကနီမြို့နယ် လက်ပံစုဆိပ်ကမ်းတွင် ကျပ်သိန်းပေါင်းတစ်သောင်းသုံးထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာ ခရိုင်၊ ကနီမြို့နယ်၊ လက်ပံစုကျေး  ရွာတွင် စက်တင်ဘာလ(၂၉)ည၌ ကလေးဝမြို့မှချင်းတွင်းမြစ်ကြောင်း အတိုင်း စုန်ဆင်းလာသော တရုတ် အင်ဂျင် (၂၅)ကောင်တပ်အစိမ်း နုရောင် စက်လှေငယ်တစ်စီးပေါ် မှ ကျပ်သိန်းပေါင်း ၁၃၃၇၅တန် ဖိုးရှိ မူးယစ်ဆေးဝါးများ သယ် ဆောင်လာသူ (၅)ဦးကို မုံရွာ မူးယစ်အထူးအဖွဲ့၏ ဦးဆောင်မှု ဖြင့် ဖမ်းဆီးကြောင်းသိရသည်။ အဆိုပါ စက်လှေပေါ်တွင် ဆူဒို အက်ဖ်ဒရင်း အာနိသင်ပါ နှာစေး ပျောက်ဆေးပြား (၂)သောင်းပါ ဆေးထုပ် (၁၀)ထုပ်၊ ဆာလာ အိတ်တစ်အိတ်လျှင် (၃၆)ကီလို ပါ (၁၄)အိတ်ဆေးပြားပေါင်း ၂၈ သိန်း၊ ဆူဒိုအက်ဖ်ဒရင်းအာနိသင် ပါ နှာစေးပျောက်ဆေး အဖြူ ရောင်ပါ ဆာလာအိတ် ၂၇အိတ်၊ ဆေးပြား (၅၄)သိန်းပြား၊ ဆူဒို အက်ဖ်ဒရင်းအာနိသင်ပါ နှာစေး ပျောက်ဆေး အဖြူရောင်ပါ ဆာ လာအိတ် ၂၁ အိတ်၊ ဆေးပြား ၄၂ သိန်းပြား၊ ဆူဒိုအက်ဖ်ရင်း အာနိသင်ပါ နှာစေးပျောက်ဆေး အဖြူရောင်ပါ ဆာလာအိတ် ၂ အိတ်၊ ဆေးပြား ၄ သိန်းပြား၊ ဆူဒို အက်ဖ်ဒရင်း အာနိသင်ပါ နှာစေး ပျောက်ဆေးလိမေ်္မာ် ရောင်ပါ ဆာလာအိတ် ၁ အိတ်၊ ဆေးပြား ၂ သိန်း ၆သောင်းပြား၊ ဂျပ်ဖာ အတွင်းမှ အက်ဖ်ရင်းဟု ယူဆရသည့် ၉ ကီလိုဂရမ် အဖြူရောင် အမှုန့်တစ်ထုပ် တို့ကို ဖမ်းဆီးရမိ ခဲ့သည်။

““၂၉ ရက်နေ့ညက လက်ပံ စုဆိပ်ကမ်းမှာမိတာ။ ဟမ်းဖုန်း (၃)လုံးပါတယ်လို့ပြောတယ်။ CDMA လား၊ GSM  လားတော့ ကျွန်တော်လည်း မသိဘူး။ ဖုန်း (၃)လုံး ပါတယ်လို့ပဲ မူးယစ်က ရဲအရာရှိတွေ ပြောသံကြားတယ်။ ကလေးဝကစုန်လာတာကိုမူးယစ် က သတင်းရရှိလို့ လာစောင့်ပြီး ဖမ်းတာလို့ပြောတယ်။ အိန်္ဒိယ ဘက်က သယ်လာတာတွေဖြစ်ဖို့ များပါတယ်””ဟု လက်ပံစုဆိပ်ကမ်း ၌ ဈေးရောင်းသူအမျိုးသမီးတစ် ဦးက ဆိုပါတယ်။ အဆိုပါ အမှု အတွက် ကနီမြို့နယ် ၀င်းအနား ရဲစခန်းမှ မူးယစ်(ပ)၁/၁၂ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊၁၆(ခ)၊ ၂၁တို့ဖြင့် စက်လှေပေါ်တွင် လိုက်ပါလာသူ များဖြစ်ကြသော သူရစိုး(ခေါ်) စိုးကြီး(ခေါ်)ဇော်ဝင်းကို (၃၄)နှစ် (ဘ) ဦးကျော်စိုး၊ ဈေးရောင်း ခမိတ်ရွာ တမူးမြို့နယ်။ ဆောင်း လင်း ၃၅နှစ်၊ (ဘ) ဦးတင်မြင့် တောင်သူ၊ မြို့မ ၇ ရပ်ကွက်၊ တမူးမြို့နယ်။ ကျော်ကျော်ဝင်း ၄၉ နှစ်၊ (ဘ) ဦးညွန့်တင်၊ တောင် သူ၊ ဘက်ထရီ လုပ်ငန်းချိုင်ရွာ၊ ကနီမြို့နယ်။ မောင်လှိုင် ၃၇ နှစ်၊ (ဘ) ဦးတင်ရှိန်၊ တောင်သူ၊ ခမိတ်ရွာ၊ တမူးမြို့နယ်။ ဖိုးသဲ ၂၅ နှစ်၊ (ဘ) ဦးအေးမြင့်၊ တောင် သူ၊ ခမိတ်ရွာ၊ တမူးမြို့နယ်တို့ (၅) ဦးအား တရားစွဲဆိုအရေးယူထား ကြောင်း သိရသည်။

စိုးမိုးထွန်း (မုံရွာ)

No comments:

Post a Comment