Tuesday, May 6, 2014

ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာအုပ်စု၊ မြို့ရိုးကျေးရွာနေ ပြည်သူတစ်ဦး၏ ရင်ဖွင့်သံ (ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သိစေရန်)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံကျေးရွာအုပ်စု၊ မြို့ရိုးကျေးရွာရှိ ကွင်းအမှတ်(၃၃၁/ခ) ကောလိယမြို့အမည်ရှိသော မြို့ရိုးကျေးရွာ ကျက်သရေဆောင်

နန်းတော်ရာကန်ကြီးကို မြို့ရိုးကျေးရွာကိုယ်စားပြု ရပ်မိ/ရပ်ဖဖြစ်သော `` ဦးမြင့်သိန်း ´´ မှဒိုင်နယ်ကိုယ်စားပြုအုပ်ချုပ်ရေးမှူး `` ဦးမြင့်စိန် ´´ အား စားကျက်မြေဟုအမည်တွင်စေပြီး ခြံရာမဲ့ဦးကျော်ကျော်
အားတိုင်ကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ ကျေးရွာအုပ်ချုပ်ရေးမှူး `` ဦးမြင့်စိန် ´´က ဦးကျော်ကျော်အားခေါ်ယူ၍စစ်ဆေးခဲ့ရာ ဦးကျော်ကျော်မှ ၄င်းမြေအား ကန်ဟုသိရှိရပါသည်။ စားကျက်ဟူ၍မသိပါ စားကျက်
်ဥပဒေအရအရေးယူ၍ရသည်ကိုလည်းမ သိပါဟုဖြေကြားခဲ့ပါသည်။ ထိုမှတဆင့် (၁၅.၃.၂၀၁၃)ရက်နေ့တွင် ဦးကျော်ကျော်အားခေါ်ယူ၍ ညှိနှိုင်းခဲ့ရာ ဦးမြင့်သိန်းမှ ဦးကျော်ကျော်၏ နေအိမ်ရှေ့တွင် ဦးမြင့်သိန်း
၏လူမနေသောခြံကွက်ရှိပါသည်။ ၄င်းခြံယာကွက်ကို ဦးမြင့်သိန်းမှ ဦးကျော်ကျော်အား အုပ်ချုပ်ရေးအဖွဲ့ လူကြီးမင်းများရှေ့မှောက်တွင် လက်မှတ်ရေးထိုး၍ ပေးဆောင်ခဲ့ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး၏
နှင်စာ/ထွက်စာရောက်ရှိလာသောအခါ ဦးမြင့်သိန်းက မိမိ၏သဘောဆန္ဒအရ ဦးကျော်ကျော်ကိုပေးဆောင်ထားသော ခြံယာမြေအား မပေးတော့ပါဘူးဟု ပြန်လည်ပြောကြားခဲ့ပါသည်။ ယခုတဖန် ဦးကျော်ကျော်
အား စားကျက်မြေပေါ်တွင် ကျူးကျော်နေပါသည်ဟု ဦးမြင့်သိန်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိန် ကိုတိုက်တွန်း၍ မြို့နယ်တရားရုံးတွင် စားကျက်မြေကျူးကျော်ဥပဒေပုဒ်မ (၄၄၇)ဖြင့်တရားစွဲဆိုထားပါသည်။ အထက်ပါ
အကြောင်းအရာနှင့်ပတ်သက်၍ ဦးကျော်ကျော်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ဖိနှိပ်ချုပ်ချယ်မှုကြောင့်အရူးတစ်ပိုင်းဖြစ်နေရပါသည်။ ယခုတွင်လည်း ကန်မြေပေါ်တွင် ဦးကျော်ကျော်တစ်ဦးတည်းမဟုတ်ဘဲ
ကျူးကျော်သူများရှိနေပါသည်။ ထိုကျူးကျော်သူများကိုပါ စာကျက်ကျူးကျော်ဥပဒေပုဒ်မ (၄၄၇)အရ တရားစွဲဆိုပေးပါရန် တိုင်းကြားအပ်ပါသည်။ မြို့ရိုးကျေးရွာ ရပ်မိ/ရပ်ဖ ဦးမြင့်သိန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးမြင့်စိန်တို့အား ကျူးကျော်သူများထံမှ ငွေကြေးရယူထားသောကြောင့်တရားစွဲဆိုခြင်းမရှိပပါသဖြင့် ဦးကျော်ကျော်တစ်ယောက်တည်းအတွက်သာ စားကျက်မြေဥပဒေပုဒ်မ (၄၄၇)ထုတ်ထားတာလားဟုမေးစ
ရာရှိလာပါသည်။ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသောမြန်မာနိုင်ငံသားတိုင်းအတွက်ကျူးကျော်ပုဒ်မ(၄၄၇)သည် ကျူးကျော်သည့်သူတိုင်းနှင့်သက်ဆိုင်နေသော်လည်း အလားတူကျန်ကျူးကျော်သူများကိုအရေးမယူဘဲ
ဦးကျော်ကျော်တစ်ယောက်တည်းကိုသာကွက်ပြီး ကျူးကျော်ပုဒ်မ(၄၄၇)နှင့်တရားစွဲဆိုထားသည်မှာ မြန်မာနိုင်ငံ၏အခြေခံဥပဒေကိုစဉ်းစားစရာဖြစ်လာနေပါပြီ။ ဦးကျော်ကျော်ကို ကျူးကျော်ပုဒ်မနှင့်
အရေးယူလျှင် ကျန်ကျူးကျော်များကိုလည်း တရားဥပဒေနှင့်အညီအရေးယူရမည်မှာ အုပ်ချုပ်ရေးအရာရှိများ၏တာဝန်သာဖြစ်သည်။ ထို့ကြောင့် ကျန်ကျူးကျော်များကိုလည်းတရားဥပဒေအရအရေးယူပေး
နိုင်ပါရန် အောက်ပါနာမည်များနှင့်တကွ တင်ပြတိုင်ကြားအပ်ပါသည်။ မြို့ရိုးကျေးရွာ နန်းတော်ရာကန်တွင် ၀င်ရောက်ကျူးကျော်နေသူများ ၁။ ဦးမြင့်သိန်း (ဘ)ဦးတူး ၂။ ဦးမောင်မောင် (ဘ)ဦးမြမောင်
၃။ ဦးကိုငယ် (ဘ)ဦးကျော်မြင့် ၄။ ဦးအောင်မျိုး (ဘ) ဦးလှသိန်း ၅။ ဦးခင်မောင်မြင့် (ဘ)ဦးခင်ရွှေ ၆။ ဦးမြင့်နိုင်(ခ)အညာသား ၇။ ဦးအောင်စိန် (ဘ)ဦးအောင်ထွန်း ၈။ ဒေါ်အုံးရီ (ဘ)ဦးညို ၉။ ဒေါ်မြစိန်
၁၀။ ဦးသက်လွင် (ဘ)ဦးတူး ၁၁။ ဒေါ်အုံးမြင့် (ဘ)ဦးစိန်မောင် ၁၂။ ဦးအောင်သန်း (ဘ)ဦးမြင့်အေး ၁၃။ ဦးမြင့်ဝင်း (ဘ)ဦးတူး ၁၄။ ဦးရဲလွင် (ဘ)ဦးတူး ၁၅။ ဦးမြတ်စိုး (ဘ)ဦးလှမောင် တိုနှင့်အတူ ဒိုက်ဦျးြမို့
နယ်ရွှေအင်ဒုံကျေးရွာအုပ်စုတွင် နိုင်ငံတော်အစိုးရကတရားဝင်အသိအမှတ်ပြုထားသော ရွှေအင်ဒုံစားကျက်မြေပေါ်၌ကျူးကျော်သူများရှိပါသော်လည်း ထိုကျူးကျော်သူများကို ရွှေအင်ဒုံကျေးရွာအုပ်ချုပ်ရေးမှူး
ဦးမြင့်စိန်နှင့် ဒိုက်ဦးမြို့နယ်ထွေအုပ် စာရေးဒေါ်စုစုမော်တို့ပူးပေါင်းကာ ရွှေအင်ဒုံစားကျက်မြေပေါ်တွင်ကျူးကျော်သူများထံမှ တစ်ဧကလျှင် ငွေကျပ် -၂၀၀၀၀ိ/(နှစ်သောင်းကျပ်တိတိ)၊ ဒိုင်နယ်မြေတိုင်းစာရေး
ဦးမျိုးဝင်းမှ တစ်ဧကလျှင် -၁၇၀၀၀ိ/ကျပ်(တစ်သောင်းခုနှစ်ထောင်ကျပ်တိတိ) စီကောက်ခံကြပြီး ထိုစားကျက်မြေပေါ်ရှိကျူးကျော်များကိုအရေးယူခြင်းမရှိဘဲ မျက်ကွယ်ပြုနေပါသဖြင့် သက်ဆိုင်ရာလူကြီးမင်း
များမှ တရားဥပဒေအရထိရောက်စွာအရေးယူပေါးပါရန် တင်ပြအပ်ပါသည်။

ဦးကျော်ကျော်
ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာအုပ်စု၊
မြို့ရိုးကျေးရွာ။

No comments:

Post a Comment