Thursday, May 8, 2014

အိုဘားမား သမီးများစီးသည့်ကားနောက်သို့ ကားတစ်စီးလိုက်လာ၍ အိမ်ဖြူတော်ခေတ္တပိတ်ရ

AFP
အမေရိကန်သမ္မတ အိမ်တော်အနီး တားမြစ်နေရာ တစ်ခုသို့ ခွင့်ပြုချက်မရှိသော မော်တော်ယာဉ်တစ်စီး ၀င်ရောက် ခဲ့ပြီးနောက် အိမ်ဖြူတော်ကို ခဏ ပိတ်ထားခဲ့ရသည်ဟု အမေရိကန် အရာရှိများက ပြောသည်။
ပင်ဆယ်ဗေးနီးယား ရိပ်သာ လမ်းတွင် ကားများ တားဆီးသည့် မောင်းတံများကို နှိမ့်ထားစဉ် အို ဘားမား၏ သမီးလိုက်ပါလာ သော မော်တော်ယာဉ်တန်းနောက် မှ ကားတစ်စီးကပ်၍ လိုက်ပါ လာခဲ့ကြောင်း သိရသည်။

ကားမောင်းနှင်လာသူကို ရဲ တပ်ဖွဲ့က ဖမ်းဆီးပြီး ဖောက်ခွဲ ရေးပစ္စည်းများ ပါ၊ မပါစစ်ဆေး ခဲ့သည်။ ကားမောင်းနှင်သူမှာ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန် ကြီးဌာနမှ အလုပ်သမားတစ်ဦး ဖြစ်သော်လည်း ၎င်းမှာ အိမ်ဖြူ တော်တွင် အလုပ်လုပ်ရန် လိုအပ် မှုရှိသူမဟုတ်ကြောင်း အမေရိ ကန်ထောက်လှမ်းရေးဌာနက ဘီဘီစီသတင်းဌာနအား ပြော သည်။
အသက် (၅၅)နှစ်အရွယ် ယာဉ်မောင်း မက်သရူးအီ ဗန် ဂိုးလ်စတိန်းကို ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်မှုဖြင့် စွဲချက်တင်ထား ကြောင်း ထောက်လှမ်းရေးဌာန ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် အဒ်ဝင် ဒိုနိုဗန်က ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော်က မှတ်ချက်ပြုပြော ကြားခြင်းမရှိသော်လည်း ယင်း ကားမှာ ကျောင်းမှပြန်လာသော အိုဘားမား၏ သမီးနှစ်ဦးအနက် တစ်ဦး၏ ကားတန်းနောက်မှ ကပ်လိုက်လာခြင်းဖြစ်သည်ဟု တရားဥပဒေထိန်းသိမ်း ရေးအရာ ရှိတစ်ဦးက အေအက်ဖ်ပီသတင်း ဌာနအား ပြောကြားသည်။
ယင်းဖြစ်ရပ်ကြောင့် အိမ်ဖြူ တော်ကို ဒေသစံတော်ချိန် နေ့ လယ် ၄ နာရီ မိနစ် ၄၀ နောက်ပိုင်း နာရီဝက်ကြာ ပိတ်ထားခဲ့သည်။

—Ref: AFP

7daydaily

No comments:

Post a Comment