Thursday, May 8, 2014

NLD နဲ့ ၈၈ ပူးပေါင်းပြီး မီးမှောင်းထိုးမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား

Photo credit:The 88 Generation Peace and Open Society Facebook

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို ပြည်သူတွေ ပိုမိုနားလည်နိုင်ရေးနဲ့ အဓိကထား ပြင်ဆင်ဖို့လိုတဲ့ အချက်ကို မီးမောင်းထိုး ပြနိုင်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ဟောပြောပွဲတွေ ကျင်းပဖို့ စီစဉ် တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။


RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင် ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့ တာပါ။ ဒါ့အပြင် အခုလှုပ်ရှားမှုမှာ တခြားအဖွဲ့ အစည်းတွေ ပါဝင်ပူးပေါင်းမယ်ဆိုရင် ပိုပြီးအားကောင်း မှာဖြစ်တယ် လို့လည်း ပြော ပါတယ်။

"တခြားအဖွဲ့အစည်းတွေ ပါဝင်လာရင်တော့ ကောင်းတာပေါ့၊ဒါကို အားလုံးဝိုင်းဝန်းလှုပ်ခြားမှုထဲမှာ ပါရမယ်လို့တော့ မဟုတ်ပါဘူး ၊သူတို့နည်းသူတို့ဟန်နဲ့ လုပ်လို့ရှိရင်လည်းရပါတယ် "

တဆက်တည်းမှာပဲ ဝင်ငွေခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီးမေးမြန်းရာ မှာတော့ ပြည်သူတွေမှာ အခွန်ဆောင်ဖို့ တာဝန်ရှိသလို အစိုးရ ရဲ့သုံးစွဲပုံကို သိခွင့်လည်းရှိတယ်လို့ပြောပါတယ်။

"အခုဟာက အခွန်ငွေကို အစိုးရကနေဘယ်လိုသုံးနေမှန်းလည်းမသိ ၊ဘယ်သူ့အတွက် သုံးမှန်းလည်းမသိ ဥပမာဆိုလို့ရှိရင်ပေါ့နော် စည်ပင် အခွန်ပေးရပေမယ့်လည်း လမ်းဘေးမှာ အမှိုက်တွေပုံနေတာတို့ ၊မြောင်းတွေ ပိတ်နေတာတို့ ဒါတွေမြင်တဲ့အခါကျတော့ ပြည်သူတွေက အခွန် ပေးချင်တဲ့ စိတ်မရှိဘူးပေါ့ ဆိုတော့အခွန် ယဉ်ကျေးမှုတခု အခွန်ပေးတယ်ဆိုတာ ဟာ ပြည်သူတွေရဲ့ တာဝန်တခုဖြစ်တယ် ၊ဒီလိုအခွန်တွေပေးမှ နိုင်ငံရဲ့ တိုးတက်ရေးအတွက် အထောက် အကူဖြစ်နိုင်မယ် ဆိုတာတွေ နားလည်ဖို့ ဆိုတာဟာ အစိုးရမှာ တာဝန်အများကြီးရှိပါတယ်"

ဒါ့အပြင် စီးပွါးရေးတိုးတက်မှုရဲ့ အဟန့်အတားတွေနဲ့ အောင်မြင်မှု ရဲ့ သော့ ချက်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အကိုးအကားနဲ့ ပြောကြားခဲ့ ပါတယ်။

RFA Burmese



No comments:

Post a Comment