Wednesday, July 16, 2014

“MOU အလုပ်သမား၂၆ဦး လုပ်အားခမရ၍ သစ်ရွက်ကိုပြုတ်စားနေရ”

၂၀၁၄ ဇူလိုင်လ ၁၆ ရက်
           မောင်ပေါ်ထွန်း (အလွတ်သတင်းထောက်)

              ရွှေရည်ဖြိုးအောင် ကုမ္ပဏီမှ မလေးရှားနယ်စပ်ရှိ ပန်းရံလုပ်ငန်း ခွင်တစ်ခုသို့ တင်ပို့ထားသည့် MOU အလုပ်သမား၂၆ဦး စားစရာမရှိ၍ ဘောစကိုင်းရွက်များကိုပြုတ်၍စားနေရကြောင်း အလုပ်သမားများက ပြော သည်။
မလေးရှား နယ်စပ် စတုန်းမြို့နယ် ပန်းရံဆိုဒ်တစ်ခုမှ MOUအလုပ်သမား ၂၆ဦးတို့အား လုပ်အားခ တစ်လစာ ထုတ်မပေးပဲထားသဖြင့် အနီးအနားတွင် ရှိသော ကန်စွန်းရွက်နှင့် သင်္ဘောသီးတို့အား ခူးစား၍ ကုန်နေပြီဖြစ်သဖြင့်ယခုအခါ ဘောစကိုင်းရွက်များကိုပြုတ်စားနေရကြောင်း အလုပ်သမား သန်းဇေါ်ဦးက ပြောသည်။

       “ကျနော်တို့ကို ရွှေရည်ဖြိုးအောင် ကုမ္ပဏီ က ပို့တာပါ။ မလေးရှားကို ကားစီးသွားရင် တစ်နာရီကျော်ဆိုရင် ရောက်တဲ့နေရာမှာ ကျနော်တို့ ဒုက္ခ   ရောက်နေတာပါ။ တစ်နှစ်အတွင်းမှာ ကျနော်တို့ဆီက ၁၉,၁၅၂ ဘတ်ဖြတ် ထားပါပြီ။ ပတ်စပို့ကို ထိုင်းကိုရောက်ကတည်းက မကိုင်ဖူးဘူး။ လုပ်အားခ ရှင်းမပေးတာ တစ်လကျော်လာပြီ။ ကျနော်တို့မှာ စားစရာမရှိလို့ အနီးအနား မှာစားလို့ရတဲ့ အသီးအရွက်တွေအကုန်ခူးစားနေကြတာ။ မြက်ပဲရှိပြီ။ သောက်ရေ ဆိုတာလည်း ပိုက်လုံးကလာတဲ့ရေတွေ ကိုပဲသောက်နေရတာ” ဟုပြော သည်။
         
                ယနေ့နံနက်ပိုင်းက  မြန်မာအလုပ်သမားသံအရာရှိနှင့် MAT အဖွဲ့ တို့ အလုပ်သမားနှင့်အတူဆက်သွယ်စကားပြောကြရာတွင် ရွှေရည်ဖြိုးအောင် ကုမ္ပဏီအား အကြောင်း ကြားထားပြီးဖြစ်ကြောင်း သံအရာရှိကပြောသည်။
        ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ MOU နဲ့ တင်သွင်းတဲ့ ကုမ္ပဏီတွေ အတော်များများ စည်းကမ်းပျက် တာေ တွ လူကုန်ကူးသလိုဖြစ်တာ၊ ပြဿ     နာတွေ နေ့တိုင်းကျနော်တို့ ရှင်းမကုန်ဘူး။ သတ်မှတ်တဲ့စည်းကမ်းချက်နဲ့ညီအောင်လုပ်နေတဲ့ ကုမ္ပဏီက အလွန်နည်းပါ တယ်။ လုပ်ချင်တိုင်းလုပ်နေတဲ့ ကုမ္ပဏီကများတယ်။  ဒီကုမ္ပဏီက မြန်မာနိုင်ငံ မှာ အလုပ်သမားတစ်ဦးစီဆီက ကျပ်ငွေ သုံးသိန်းခွဲ ယူထားလိုက်တဲ့ အပြင် ထိုင်း ဘက်မှာလည်း နှစ်သောင်းနီးပါး ဖြတ်တောက်ထားပြီ။ အဆိုးဆုံးက   မြန်မာအစိုးရက အလုပ်သမားတင်သွင်းဖို့ လုံးဝတား မြစ်ထားတဲ့ မလေးရှား နယ်စပ်ကိုပို့ထားတယ်” ဟုပြောသည်။
           ရွှေရည်ဖြိုးအောင် ကုမ္ပဏီက ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က
မြ၀တီမြို့ ကျောက်လုံးကြီးစခန်းတွင် စာချုပ်ချုပ်ဆို၍ အလုပ်သမား ၄၂ ဦးအား
မလေးရှားနယ်စပ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြော သည်။ အတူတူလာသည့်အခြားအလုပ်သမား  ၁၆ဦးကို မည်သည့်နေရာသို့
ပို့ဆောင်ထားကြောင်း ၎င်းတို့မသိဟုဆိုသည်။
         ထိုင်းနှင့်မြန်မာအစိုးရတို့ ၂၀၀၉ ခုနှစ်က စတင်အကောင်အထည်ဖေါ် ကြသည့် MOU အလုပ် သမားတင်သွင်းသည့် စည်းကမ်းချက်တွင် အလုပ် သမား တစ်ဦးစီထံမှ မြန်မာနိုင်ငံတွင် ကျပ်ငွေတစ်သိန်း နှင့်ထိုင်းနိုင်ငံဘက် တွင် ဘတ်ငွေတစ်သောင်းသာဖြတ်ရမည်ဟု သတ်မှတ်ထားသည်။ ထို့အပြင် မိမိတို့ တင်ပို့ထားသည့် အလုပ်သမားများ မည်သည့်နေရာတွင်ရှိသည်ကို 
ပို့ဆောင်သည့် အေဂျင်စီက သိရှိရမည်ဟုလည်းပါရှိသည်။ 
         မြန်မာအလုပ်သမားဝန်ကြီးဌာနအနေဖြင့် စည်းကမ်းချက် ကိုဖေါက် ဖျက်သည့်ကုမ္ပဏီများကိအရေးယူခြင်းမှာ သပ်သပ်ဖြစ်သင့်ပြီး မှန်မှန်ကန်ကန် လုပ်သည့် အေဂျင်စီများ၏ လုပ်ငန်းဆောင်တာများကြန့်ကြာအောင် ၀ါးလုံးရှည်   ဖြင့်ရမ်းရိုက်သလိုမျိုးဖြစ်နေခြင်းမှာအလုပ်သမားများအတွက်နစ်နာစေကြောင်း 
 အေဂျင်စီအချို့ကပြောသည်။
           မြန်မာနိုင်ငံ၏  လက်ရှိအနေအထားများအရ ပြည်ပသို့  MOU အလုပ်သမားတင်ပို့ခြင်းလုပ်ငန်းသည် အချိန်ကာလ အတန်ကြာသည်အထိ လုပ်ကိုင်နေကြမည့်အနေအထားတွင်ရှိပါသည်။ MOU စည်းမျဉ်း ဥပဒေသ အတော်များများတို့အား ပြန်လည် ပြင်ဆင်ရန် လိုအပ်ကြောင်း ၊ အစိုးရ   အေဂျင်စီနှင့် အလုပ်သမားများ အားလုံးအတွက် အကျိုးရှိပြီး အပြစ်အနာ အဆာကင်းနိုင်မည့် အချက်အလက်များအား MATအဖွဲ့က အလုပ်သမား ညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင်နှင့် ဘန်ကောက်မြို့၌ တွေ့ဆုံစဉ် ကတင်ပြခဲ့ ဖူးကြောင်း သိရှိရသည်။

ရွှေလုပ်သား 

No comments:

Post a Comment