Thursday, July 17, 2014

"မြန်မာအလုပ်သမားများအတွက် မြန်မာသံရုံးသတင်းထုတ်ပြန်”

        အလုပ်သမားများ ပတ်စပို့နှင့် အလုပ်လုပ်ခွင့်ပါမစ် အလျှင်အမြန်
လုပ်ကိုင်နိုင်ရေးအတွက် (မှတ်ပုံတင်နှင့်အိမ်ထောင်စုစါရင်း) မြန်မာနိုင် ငံသား မှန်ကန်ကြောင်း စီစစ်ခြင်းလုပ်ငန်းအနေဖြင့် အကောင်အထည်
ဖေါ်ဆောင်ရွက်ခြင်းဖြစ်သည်။
           အလုပ်သမားများကိုယ်တိုင် မြန်မာသံရုံးတွင် အခမဲ့ စာရင်းပေး သွင်းရန်လမ်းညွန်ထားသည်။ ကိုယ်တိုင်သွားမလုပ်နိုင်သူများအနေဖြင့် အထက်ဖေါ်ပြပါမြန်မာအလုပ်သမားအကျိုးဆောင်များကို ဆက်သွယ်၍ စါရင်းပေးသွင်းကြရမည်ဖြစ်ပါသည်။
           ချင်းမိုင်၊ ဘန်ကောက်၊ မဟာချိုင်၊ မဲဆောက်၊ စူရတ်ဌာနီနှင့်
ရနောင်းတို့တွင် အထက်ပါ ဖုန်းနံပါတ်များနှင့်ရုံးများဖွင့်လှစ်ကာ မနက်   ဖြန်မှစ၍  ဘတ်လုပ်ထားသည့် မြန်မာအလုပ်သမားများ၏ စါရင်းများ အား စတင်လက်ခံဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
        ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပေးမည်
ဖြစ်ပြီး ထိုအတည်ပြု ထောက်ခံချက်နှင့်အတူ ယခုလုပ်ကိုင်ထားကြ သည့် ပန်းရောင်ဘတ်နှင့်ပူးတွဲ၍အလုပ်လုပ်ကိုင်ခွင့်ဝတ်ပါမစ် လျှောက် ထားကြရမည်ဖြစ်ကြောင်း သိရှိရသည်။
         ထို့နောက် ပတ်စပို့လုပ်ငန်းစဉ်သို့တက်လှမ်းမည်ဖြစ်ကြောင်းသိ
ရှိရသည်။
         အသေးစိတ်အချက်အလက်များအား မြန်မာသံရုံးသို့ ဆက်သွယ်   မေးမြန်းနိုင်ကြောင်းသိရှိရသည်။ 
 
ရွှေလုပ်သား

No comments:

Post a Comment