Thursday, July 17, 2014

ဗိုလ်ချုပ်ပုံတူ သီးသန့်ပြမည့် ပန်းချီပြပွဲ ကျင်းပမည်

အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ပန်းချီဆရာ သုံးဆယ်ကျော် ပါဝင်ရေးဆွဲ ထားသည့်  ဗိုလ်ချုပ်အောင် ဆန်းပုံတူ ပန်းချီကားများ ကိုသာ သီးသန့်ပြသမည့် Bogyoke is our Fatherပန်းချီပြပွဲကို အလှသစ် ပန်းချီပြခန်းတွင် ဇူလိုင် ၁၉ ရက်မှ လကုန် အထိ ပြသ သွားမည်ဖြစ်သည်။

‘‘ဒီပန်းချီပြပွဲကို အာဇာနည် နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကို ပြန်ပြီး သတိရအောင်လို့ ပြန်လုပ် ပေးတဲ့အနေနဲ့ပြတာပါ။ ပန်းချီ ဆရာတွေအားလုံးက အဲဒီနေ့ပွဲ အတွက် ရည်ရွယ်ပြီးတော့ ရေး ဆွဲထားတဲ့ ဗိုလ်ချုပ်ကား အသစ် တွေကိုပဲ ရေးထား တာပါ’’ ဟု အလှသစ် ပန်းချီပြခန်း တာဝန်ခံ ကိုရန်နိုင်က ပြောသည်။ အဆိုပါ ပန်းချီပြပွဲတွင် ပန်း ချီကြည်စိုး၊ ဘိုကလေးဌေးလွင်၊ ဇွဲညွန့်ပီ၊ အောင်စည်နေမျိုး၊ အောင်ကြည်စိုး၊ အောင်ဇော်စသည် တို့ပါဝင်သည့် ပန်းချီဆရာ ၃၂ ဦးက ရေးဆွဲထားသော ရေ ဆေး၊ ဆီဆေးနှင့် အခရိုင်းလစ် အမျိုး အစားစုံ ပန်းချီကားပေါင်း ခုနစ် ဆယ်ကျော်ကို ပြသသွား မည်ဖြစ်သည်။
‘‘ဗိုလ်ချုပ်ပုံတူ၊ မော်ဒန်နဲ့ သရုပ်မှန် (Realism) ပန်းချီကား တွေ ပြသွားမှာပါ။ ပြီးတော့ ဇူလိုင် ၁၉ ရက်မှာ ၀ှိုက်ဘုတ်တွေ ထောင်ပေးထားပြီးတော့ လာ ကြည့်တဲ့လူတွေက ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီးတော့ ခံစားချက်တွေ ကို ရေးလို့ရအောင် စီစဉ်ပေးထား မှာပါ’’ ဟု ကိုရန်နိုင်က ပြောသည်။
အဆိုပါ ပန်းချီပြပွဲတွင် ခေတ်အဆက်ဆက် မြန်မာဂုဏ် ဆောင်ခဲ့သည့် ထင်ရှား သူများအ နေဖြင့် ဦးဥတ္တမ အပါအ၀င် ဘုရင် များ၊ ခေါင်းဆောင်များနှင့် ယနေ့ ခေတ် မြန်မာ့ဂုဏ်ဆောင် ခဲ့သည့် နန်းခင်ဇေယျာအထိ ရုပ်ပုံ ၆၀၀ ကျော်ကို နောက်ခံ Background ထားရှိပြီး ဗိုလ်ချုပ်အောင်ဆန်းပုံ တူရေး ဆွဲထားသည့် ပန်းချီကား အပါအ၀င် ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်သည့် အမှတ်တရ ပန်းချီကားများကို ပြသသွားမည် ဖြစ်သည်။ ပြပွဲတွင် ပြသထားသည့် ပန်းချီကားများ၏ ဈေးနှုန်းမှာ ကျပ်ငွေတစ်သိန်းခွဲမှ သိန်းငါးဆယ်ကျော်အထိ ရှိသည်။ Background ပန်းချီပြပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းရှိ အလှသစ်ပန်းချီပြခန်းတွင် ဇူလိုင် ၁၉ ရက်မှ ၃၀ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအ တွင်း ပြသသွားမည် ဖြစ်သည်။ 

7Day News

No comments:

Post a Comment