စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ လယ်သမား ၆ ယောက်ကို
ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီး မှုတွေနဲ့ သက်ဆိုင်ရာက ပြီးခဲ့တဲ့ ၁၄
ရက်နေ့မှာ ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်သလို နောက်ထပ် လယ်သ မား အယောက်
၁၀၀ ကျော်လည်း အမှုရင်ဆိုင် နေရတယ်လို့ သိရပါတယ်။
ထောက်ရှာအိုင်နဲ့ ပေကြီးရွာက လယ်သမား ကွန်ရက် ခေါင်းဆောင်နဲ့ ကျေးရွာ
အုပ်ချုပ်ရေးမှူး နှစ်ယောက် ၊ အခြားလယ်သမား ၃ ယောက်ကို ကန့်ဘလူတရားရုံးက
ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့  တရားစွဲခံထားရသူ တောင်သူတစ်ဦးဖြစ်တဲ့ ကိုထွန်းနိုင်က အခုလိုပြောပါတယ်။
"ချတာတော့ ၆ ယောက်ပေါ့ဗျာ၊ ကျနော်တို့ တောင်သူလယ်သမားကွန်ရက်အဖွဲ့ဆိုပြီး
ဖွဲ့စည်းတာတွေရှိတယ်လေ၊ ဦးသောင်းထွန်းကတော့ အဖွဲ့ခေါင်းဆောင်ပေါ့ဗျာ၊
ပေကြီး ဥက္ကဌ ဦးစိန်ထွန်း၊ ထောက်ရှာအိုင် ဥက္ကဌ ဦးဝင်းကို သူတို့ ၃
ယောက်ကတော့ တစ်ယောက်ကို ၂ နှစ်စီဗျ၊ ကိုကျော်ရင်ကတော့ သူ့ဘာသာသူ
တောမီးဝင်ပြီးလောင်တာကို မူလတောင်သူက ရှို့ပါတယ်ဆိုပြီး တိုင်တာပေါ့ဗျာ၊
သူကတော့ ၁ နှစ်ကျတယ်ဗျ၊ ကိုဇော်မင်းကလည်း ၂ နှစ်၊ နောက်တစ်ယောက်ကလည်း ၂
နှစ် အဲတာကလည်း ထောက်ရှာအိုင်ကပဲ"
အဲဒီဒေသက လယ်ဧကတစ်သောင်းကျော်ကို ၁၉၉၉ ခုနှစ်မှာ ဒေသခံစစ်တပ်ကသိမ်းပြီး
သကြားစက်တည်ခဲ့သလို၊ အဲဒီစက်ရုံကုန်ကြမ်းအတွက် ကြံစိုက်ခင်းတွေဖန်တီးပြီး
လယ်သမားတချို့ ကို သီးစားခနဲ့ စိုက်ပျိုးခိုင်းနေတာဖြစ်တယ်လို့သိရပါတယ်။
မနှစ်ကတော့ ပိုနေတဲ့မြေတွေကို ပြန်ပေးတယ်လို့ ဆိုတဲ့အတွက် မူလတောင်သူတွေ
ဝင်ရောက်ထွန်ယက်တဲ့အခါ သီးစားခနဲ့လုပ်နေတဲ့ လယ်သမားတွေကို တရားလိုအဖြစ်
တရားစွဲခိုင်းခဲ့တာလို့ သိရပါတယ်။
RFA Burmese
No comments:
Post a Comment