Wednesday, July 16, 2014

သမ္မတကို ဆန္ဒပြသည့် သတင်းထောက်များ ပြန်တောင်းပန်ပါက ကျေအေးပေးမည်ဆိုသည်မှာ မဟုတ်ဟု ဦးရဲထွဋ်ပြော

 သမ္မတ ဦးသိန်းစိန်ကို အ သံတိတ်ဆန္ဒပြခဲ့သော သတင်း ထောက်များ သမ္မတအား တောင်းပန်ပါက အမှုဖွင့် ထားခြင်းကို ကျေအေးပေးရန် ရှိကြောင်း ပြောဆိုခဲ့သည် ဆိုသည်မှာ မှန်ကန်မှု မရှိကြောင်း သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြော သည်။

‘‘ကျွန်တော်က ကျေအေးဖို့ ပြောတယ်ဆိုပြီး တက်နေတဲ့သ တင်းတွေ မှန်ကန်မှု မရှိပါဘူး။ အဲ ဒီလိုပဲ မီဒီယာတွေပေါ်မှာ ကျွန် တော့်အကြောင်း မှန်းဆရေးသား နေတာတွေဟာလည်း မှန်ကန်မှု မရှိပါဘူး။ တချို့အင်တာနက်မှာ ရေးထားသလို လူမှုကွန်ရက်မီဒီ ယာပေါ်က ထွက်ပြေးသွားပြီဆို တာလည်း မဟုတ်ကြောင်း တင် ပြလိုပါတယ်’’ ဟု ၎င်းက ပြော သည်။
ယူနတီသတင်းထောက်ငါး ဦးကို အလုပ်ကြမ်းနှင့် ထောင် ဒဏ်ဆယ်နှစ် ချမှတ်ခဲ့ခြင်း ကြောင့် ဇူလိုင် ၁၂ ရက်တွင် မြန် မာ့ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေး ဗဟိုဌာန၌ သမ္မတဦး သိန်းစိန်ကို ရန်ကုန်အခြေစိုက် သ တင်းထောက်များက အသံတိတ် ဆန္ဒပြခဲ့ကြသည်။ ယင်းသို့ ဆန္ဒပြ မှုကြောင့် သတင်းထောက် ၅၀ ခန့်ကို ကမာရွတ်ရဲစခန်းက ခွင့်ပြု ချက်မဲ့ ဆန္ဒဖော် ထုတ်မှု ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
‘‘သတင်းထောက်တွေကို လူနဲ့ နာမည် တွဲမသိတဲ့အတွက် ဓာတ်ပုံမှတ်တမ်းတွေနဲ့ ပြန်စိစစ် နေပါတယ်။ တကယ်ဆန္ဒဖော် ထုတ်သူကိုပဲ အမှုဖွင့်မှာဖြစ်ပြီး သတင်းယူတဲ့ သူတွေကိုတော့ အ မှုမဖွင့်ပါဘူး။ အခု ကျွန်တော်တို့ လူနဲ့ နာမည် တွဲသိထားတာ အောင်သူရတို့၊ ရွှေမှုန်တို့၊ ဖိုးတုတ်တို့ပဲ ရှိသေးတယ်။ အားလုံး စိစစ် ပြီးတာနဲ့ ကာယကံရှင်တွေရဲ့ နာ မည်နဲ့ လိပ်စာအတိုင်း သမ္မန်စာ ပို့မှာဖြစ်ပါတယ်။ ဒီသမ္မန်စာကို ဂျာနယ်တိုက်တွေကို မပို့ပါဘူး။ ဒါက ဂျာနယ်တိုက်တွေနဲ့ မဆိုင် ဘဲ ကာယကံရှင်တွေနဲ့ပဲ သက် ဆိုင်လို့ပါ’’ ဟု ကမာရွတ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မောင်မောင်ဦးက ပြောသည်။
ယခု အမှုအတွက် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့က တစ်စုံတစ်ရာ ညွှန်ကြားဖိအား ပေးခြင်းမရှိဘဲ ခွင့်ပြုချက်မဲ့ ဆန္ဒ ဖော်ထုတ်ခြင်းကြောင့်သာ တရား စွဲခြင်းဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။ သတင်းထောက်များကို ပုဒ် မ ၁၈ ဖြင့် အမှုဖွင့်ထားခြင်းအ တွက် နယူးယောက် အခြေစိုက် သတင်းထောက်များ ကာကွယ် ရေးအဖွဲ့ (CPJ) က ကန့်ကွက် ကြောင်း ထုတ်ပြန်ထားပြီး နိုင်ငံ တကာအလှူရှင်အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံအပေါ် ထောက်ပံ့ကူညီရေးလုပ်ငန်းများ ကို ပြန်လည်သုံးသပ်ခြင်းဖြင့် ဖိ အားပေးရန် ပြောကြားထားသည်။ 

7Day News

No comments:

Post a Comment