Friday, July 18, 2014

မလေးရှား MH 17 ပျက်ကျပြီး မြင်ကွင်းရုပ်သံ

မနေ့က ယူကရိန်း လေပိုင်နက်မှာ ပစ်ချခံလိုက်ရတဲ့ မလေးရှား လေကြောင်းလိုင်းက MH 17 လေယာဉ် ပျက်ကျပြီး မြင်ကွင်းနဲ့ ရုပ်သံသတင်းဖော်ပြချက်တခုဖြစ်ပါတယ်။ 
အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံတကာ ခေါင်းဆောင်တွေကလည်း တိုက်တွန်းပြောဆိုနေကြပါတယ်။

ရုရုားသမ္မတ ပူတင်ကတော့ လေယာဉ်ပစ်ချမှုအပေါ် ရုရှားကို စွပ်စွဲ ပြောဆိုနေမှုဟာ အလွန်ရယ်စရာ ကောင်းတဲ့ ပျက်လုံးလို့ ပြောဆိုထားပြီး လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားရသူတွေအတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းလည်း ပြောဆိုသွားပါတယ်။ 

လေယာဉ်ပေါ်ပါ ခရီးသည်တွေကတော့ ဒတ်ခ်ျ ၁၅၄ ဦး ၊ သြစတြီးယား ၂၇ ဦး၊ မလေးရှား ၂၃ ဦး၊ အင်ဒိုနီးရှား ၁၁ ဦး၊ အင်္ဂလန် ၆ ဦး၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံ တို့က ၄ ဦးစီ၊ ဖိလစ်ပိုင်က ၃ ဦး၊ ကနေဒါ ၁ ဦး တို့ အသီးသီး ဖြစ်တယ်လို့ သိရပေမယ့် အသေးစိတ် စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။


မလေးရှား ဝန်ကြီးချုပ် နဂျပ်ကလည်း ဒီနှစ်ထဲမှာ မလေးရှားလေကြောင်းလိုင်းနဲ့ပတ်သက်ပြီး ကြွေကွဲ စရာ အဖြစ်ဆုံး လို့ ပြောဆိုထားပြီး တရားသဖြင့် ဥပဒေအရ အဖြစ်မှန် ဖော်ထုတ်ကာ အရေးယူသွားဖို့  ကြိုးစားသွားမယ်လို့ ပြောဆိုထားပါတယ်။ 

ဒါကတော့ ရုပ်သံမြင်ကွင်းတခုပါ။ တချို့ မြင်ကွင်းတွေနဲ့ပတ်သက်ပြီး အသက် ၁၈ နှစ်ကျော်သူတွေသာ ကြည့်သင့်တယ်လို့ အဲဒီ သတင်းဌာနက အကြံပြုထားပါတယ်။

အိမ့်သံစဉ် ~ဧရာဝတီ(ဘလော့ဂ်)

No comments:

Post a Comment