ဥရောပတိုက် ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်းက Algordanza လို့အမည်ရတဲ့
ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ယင်း ကုမ္မဏီကပေးတဲ့ ဝန်ဆောင်မှုကတော့ ကွယ်လွန်ပြီး
လူတို့ရဲ့  ပြာကို စိန်အဖြစ် ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ရည်ရွယ် ချက်ကတော့
မိမိချစ်ခင် တန်ဖိုးထားသူကို တစ်သက်တာ
အမြဲ တနိုး သိမ်းဆည်း
သွားနိုင်စေဖို့ ဖြစ်ပါတယ်။ ပြုလုပ်ပုံ အဆင့်ဆင့်က ဒီလိုပါ။ ရရှိလာတဲ့
ပြာကို ဓာတုဗေဒ ဒြပ်ပေါင်း များနဲ့ ရောစပ်ပြီးတော့ ကာဘွန်ကို မရရအောင်
ထုတ်ပါတယ်။ ပြီးတော့ ရရှိလာတဲ့ ကာဘွန်ကို အပူပေးပြီး ဂရက်ဖိုက်အစုအဖွဲ့
ဖြစ် လာတဲ့ အခါ နောက်ဆုံးတော့ စိန်တုံး ဖြစ်သွားပါတယ်။ လက်ရှိ ကမ္ဘာမြေပေါ်က
စိန်တုံးများ ဆိုတာကလည်း သက်ရှိတွေရဲ့ ဇီဝရုပ်ကြွင်းတို့ လောင်
ကျွမ်းစုဆေင်းပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီအတွက်လိုအပ်တဲ့
အပူချိန်ကလည်း မနည်း ပါဘူး။ ၁၅၀၀ ဒီဂရီ ဆဲလ်ဆီးယက်တောင် ရှိပါတယ်။ ဒီတော့
အရိုးပြာကို စိန်ဖြစ်အောင်လုပ်တဲ့နေရာမှာ ဘာစိန်မှ ထပ်ဖြည့် ထားခြင်း
မရှိပါဘူး။ တကယ့် ပြာတွေနဲ့သာ စုဆောင်းလို့ ပြုလုပ် ထားခြင်း ဖြစ်ပါတယ်။
ဒီအတွက် ရလာတဲ့ စိန်အရည်အသွေးကလည်း ၁.၈ ကာရပ် ဝန်းကျင်လောက်အထိ ရှိပါတယ်။
တန်ဖိုးအားဖြင့်လည်း အမေရိကန်ဒေါ်လာ ၅၀၀၀ တန်ကနေ ၂၂၀၀၀ တန် အထိ ဖန်တီး
ပြုလုပ် ပေးခြင်း ဖြစ်ပါတယ်။ လည်ဆွဲ လော့ကတ်သီး၊ လက်စွပ် အစရှိသဖြင့်
ကိုယ်လိုချင်တဲ့ ပုံစံကို Algordanza အဖွဲ့အစည်းမှ ဖန်တီး ပြုလုပ်
ပေးကြောင်း သိရ ပါတယ်။
. Ref: motdboard အောင်ခမ်း (ရိုးရာလေး)
Aung Kham

No comments:
Post a Comment