Thursday, June 5, 2014

သမ္မတ ဦးသိန်းစိန်ကို နောက်ထပ်သက်တမ်း ထမ်းဆောင်စေလိုသည့် KNU

 ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ အပါအ၀င် ဗဟိုကော် မတီဝင်များနှင့် နိုင်ငံတော် သမ္မတတို့တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတကြီးအား ဒုတိယ သက်တမ်းကို ဆက်လက် ထမ်းဆောင်ရန် အကြံပြု ခဲ့ကြောင်း KNU ဗဟိုကော် မတီဝင် ဖဒိုမန်းငြိမ်းမောင် ကပြောသည်။

‘‘အကြံပြုရတဲ့ အကြောင်းရင်း ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို သမ္မတကြီးက စတင်ဖော်ဆောင်တာဖြစ်တဲ့ အတွက် ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို စလယ်ဆုံး သမ္မတကြီးက အသိဆုံးဖြစ်တယ်။ သမ္မတကြီးက ဒုတိယ သက်တမ်းဆက်ပြီး ခေါင်းဆောင်မယ် ဆိုရင် ဒီငြိမ်းချမ်းရေးဟာ မလွဲမသွေရရှိမယ်လို့ ယုံကြည် တဲ့အတွက် ကျွန်တော်တို့ အကြံပြု တာဖြစ်ပါတယ်’’ဟု မန်းငြိမ်းမောင်က ဆိုသည်။
‘‘သမ္မတကြီးရဲ့ သဘော ထားကတော့ ကျွန်တော်က ကျန်းမာရေး မကောင်းဘူး။ ဒါပေမဲ့ တိုင်းပြည်က လိုအပ်လို့ ပြည်သူကတောင်းဆိုရင် ကျွန်တော် ဆောင်ရွက်ပါ့မယ်လို့ ပြန်ပြောတယ်’’ဟု ဖဒိုမန်းငြိမ်းေ မောင်ကဆိုသည်။ ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် ၂၀၁၅ခုနှစ်အတွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ခိုင်မာပြီး နောက်ကြောင်း ပြန်မလှည့်နိုင်သည့် အခြေအနေတစ်ခု ထိရောက် အောင်ဆောင်ရွက်ပေး ပါဟုလည်း အကြံပြုခဲ့ကြောင်း သတင်း ရရှိသည်။ 

7Day News

No comments:

Post a Comment