Monday, June 2, 2014

ဇွန်လအတွက် (၇) ရက်သားသမီး ဟောစာတမ်း


တနင်္ဂနွေသားသမီး ။ ။ လုပ်ငန်းတူလုပ်သူ (သို့ ) စပ်တူလုပ်သူကြောင့် လုပ်ငန်းများ အဆင်မပြေ ဖြစ်တတ်သည် .။ မင်းမှုထမ်း အလုပ် ငွေကြေး ကျောက် ကားလုပ်ငန်းများ ဆုံးရှုံးမှုများကြုံတွေ့ ရတတ်ပါ သည် ။ အမွေကိစ္စ မြေကိစ္စ စကားများရမည် ။ ငယ်ရွယ်သူ များ အချစ်ရေးကံ ကောင်းသော်လည်း လက်ထပ်ခွင့်မရနိုင် သေးပါ ။ မိမိနှင့်အတူတူအလုပ်လုပ်သူ၏ မနာလို ဂုံးချော စကားကြောင့် အထက်လူကြီး အထင်လွဲမည် ။ ဖခင်ကျမ္မာ ရေးဂရုစိုက်ပေးရန် လိုပါသည် ။ ၀မ်းဗိုက်နှင့်ပတ်သက်ပြီး ရောဂါဝေဒနာ ခံစားရတတ်သည် ။

ယတြာ ။ ။ မွေးနံဘုရား၊ ထောင့်တွင် အုန်း(၆)ညွန့် ထီးအနီ တစ်လက်လှုပေးပါ ။
တနင်္လာသားသမီး ။ ။ လုပ်ငန်း အသစ်များ လုပ်ကိုင်နိုင်ပါသည် ။ မိတ်ဆွေများနှင့် စပ်တူလုပ်ကိုင် သဖြင့်အောင်မြင်မှုများ ရရှိမည် ။ ငွေကြေးကူညီမည့် မိတ်ဆွေကောင်းများနှင့် ဆုံတွေ့ မည် ။ ငယ်ရွယ်သူများ ခရီးသွားရင်း ချစ်သူအသစ် ရရှိလိမ့်မည် ။ မမျှော်လင့်ပဲ ငွေဝင်လာပါက ၂ ၃ ၆ ဂဏန်းများနှင့် ထီကံစမ်းပါ စက်ပစ္စည်း အသစ်ဝင်လာ လိမ့်မည် ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရတတ်ပါသည် ။ ငယ်သူငယ်ချင်း ဟောင်းနှင့်ပြန်လည် ဆုံတွေ့  မည် ။ မိခင်ဘက်မှ ဆွေမျိုးများကြောင့် စိတ်ညစ်စရာ ပေါ်တတ် ပါသည် ။
ယတြာ ။ ။ မိဘအရွယ် သက်ကြီး အဖိုးအဖွားများကို ငွေကြေးလှုပေးပါ ။
အင်္ဂါသားသမီး ။ ။ ဆန် စက် ဆေး လုပ်ငန်းများ အထူး အဆင်ပြေပါမည် ။ စပ်တူ လုပ်ကိုင်နိုင်ပါသည် ။ စိတ်ရင်း ကောင်းသော မိတ်ဆွေသူငယ်ချင်း ကြောင့် စိတ်ချမ်းသာမှု ရရှိမည် ။ မမျှော်လင့်ပဲ အလှုအသေးစား လုပ်ခွင့်ရပါမည် ။ ပညာအသစ်များ သင်ယူခွင့်ရလိမ့်မည် ။ အဘိုး (သို့ )အဖွားထံမှ လက်ဆောင်ပစ္စည်း ရရှိလိမ့်မည် ။ မိမိသူငယ်ချင်း စနေသား သမီးကြောင့် စိတ်ညစ်ရတတ်သည် ။ ငယ်ရွယ်သူများ မိမိကို အလိုလိုက်သော ချစ်သူမျိုးနှင့် ဖူးစာ ဆုံတွေ့ လိမ့်မည် ။ ဒူးတွင် ထိခိုက်ဒဏ်ရာရ တတ်ပါသည် ။
ယတြာ ။ ။ ဆန် ( ၃ ) လုံးကိုဆွမ်းချက်လောင်းပါ ။
ဗုဒ္မဟူးသားသမီး ။ ။ ညီအကို မောင်နှမ များကြောင့် စိတ်သော ကရောက်မည် ။ ရွှေထွက်ခြင်း ရွှေပေါင်ခြင်း ရွှေကျပျောက်ခြင်းများဖြစ်တတ် သည် ။ လှုပ်ရှားသော အလုပ်များ ခရီးသွားလုပ်ငန်းများ စိတ်ပင်ပန်းပြီး အကျိုးအမြတ်နဲမည် ။ မိမိအပေါ်မကောင်းမြင် စိတ်ရှိသူနှင့် အလုပ်အတူတူတွဲလုပ်ရလိမ့်မည် ။ ငွေကြေး ပြသ နာရှိသော်လည်း သူငယ်ချင်းဟောင်းမှ ကူညီခြင်းဖြင့် စိတ်ချမ်း သာမှုရရှိမည် ။ မိခင်ဖက်မှ အမွေအနှစ်များ လက်ဆောင်များ ရလိမ့်မည် ။ငယ်ရွယ်သူများ စိတ်ကောက်တတ်သောချစ်သူနှင့် ဖူးစာဆုံမည် ။ သင်ချော့နိုင်လျှင်အိုကေပါသည် ။
ယတြာ ။ ။ မွေးနံ ဘုရားထောင့်တွင် အစိမ်းရောင် စက္ကူထီး (၄)လက်ကို အမြင့်တွင် လှုပေးပါ ။
ကြာသပတေးသားသမီး ။ ။ မိန်းမပြသနာ အမွေပြသနာ များကြုံတွေ့ ရမည် ။ ပညာရေးနှင့်ပတ်သက်သော လုပ်ငန်းများအခက်အခဲတွေ့ မည် ။ ခရီးသွားလုပ်ငန်း ရွှေလုပ်ငန်း ဟိုတယ်လုပ်ငန်း လုပ်သူများ စိတ်အနှောက်အယှက်ကြုံတွေ့ မည် ။ ငွေကြွေးတင်လိမ့်မည် ။ သောကြာသမီးနှင့်သတိထားပေါင်းပါ ။ မိမိကိုဒုက္ခပေးလိမ့်မည်။ ယခုလအတွင်းခရီးသွားခြင်းကိုရှောင်ပါ ။ မဖြစ်မနေသွားရမည်ဆို လျှင်ပန်းသီး(၂)လုံးကိုခွဲစိပ်ကာကလေးများအားဝေပေးပြီးမှသွားပါ ငယ်ရွယ်သူများ ချစ်သူနှင့်အဆင်မပြေသောကာလဖြစ်သည် ။ ညာဖက်လက်တွင်ထိခိုက်ဒဏ်ရာရတတ်သည် ။
ယတြာ ။ ။ မွေးနံဘုရား။ထောင့်တွင် မေမြို့ ပန်း (၁၉)ပွင့်လှုပေးပါ ။
သောကြာသားသမီး ။ ။ ခရီးသွားလျှင်ငွေဝင်မည် ။ လှုပ်ရှားသွားလာရသော အလုပ် များနှင့်အကျိုးပေးမည် ။ အင်္ဂါ ဗုဒ္မဟူး သားသမီးများနှင့် အလုပ် တွဲလုပ်ပါက စိတ်ချမ်းသာပြီး အကျိုးရှိမည် ။ ငွေချေးသူများကို ယခုလအတွင်းရှောင်ပါ ။ဆုံးတတ်ပါသည် ။ဂတိမတည်သူ တစ် ဦးကြောင့် ပြသနာဖြေရှင်းရတတ်ပါသည် ။ မျှော်လင့်ထားသော သတင်းကောင်းကြားရလိမ့်မည် ။ ပျော်ရွှင်စရာ ခရီးတစ်ခုသွားရ တတ်သည် ။ ငယ်ရွယ်သူများ ချစ်သူအသစ်နှင့်ဖူးစာဆုံမည် ။ မျက်စိနှင့်ပတ်သက်သောရောဂါခံစားရတတ်သည် ။
ယတြာ ။ ။ သီလရှင် (၆) ပါးအားဆွမ်းဆန်လှုပါ ။ စနေသားသမီး ။ ။ မင်းမှုထမ်းများ အထက်လူကြီးနှင့် အဆင်မပြေဖြစ်မည် ။ အပြစ်တင်ခံ ရခြင်း ရာထူးချထား ခံရခြင်းများ ကြုံတွေ့ နိုင်သည် ။ စိတ်ဓါတ်ကျ စရာများ ဖြစ်ပေါ်နိုင်ပြီး စကားပြော မှားခြင်းကြောင့် မိမိအခင်ရဆုံး သူငယ်ချင်းနှင့် စိတ်ဝမ်းကွဲ လိမ့်မည် ။ ငွေရလွယ် သော်လည်း ၀င်ငွေထွက်ငွေ မမျှပဲဖြစ်နေမည် ။ ငယ်ရွယ်သူများ အချစ်ရေးကံ ကောင်းနေပါသည် ။ ချစ်သူကိုအမှတ်တရလက် ဆောင်တခု ၀ယ်ပေးခြင်းဖြင့် စိတ်ချမ်းသာမှုရယူပါ ။ ဦးခေါင်းနှင့် ပတ်သက်သော ရောဂါဝေဒနာ ခံစားရတတ်သည် ။ ယတြာ ။ ။ အိမ်က ဘုရားတွင်မွေးနေ့ မနက်ပိုင်း နာနတ်သီး ( ရ) စိပ်လှုပေးပါ ။
ကိုမောင်မောင်(ဆန်းသုတေသီ)
ရိုးရာလေး

No comments:

Post a Comment