Thursday, June 5, 2014

မေမြတ်နိုး ကိုရီးယားတွင် သရုပ်ဆောင် လိုင်စင်ရရှိ

 Miss Asia Pacific World 2014 သရဖူရရှိခဲ့သူ မေမြတ်နိုး အား The Korea Film Actor's Association(KAA) က ကိုရီးယား နိုင်ငံတွင် သရုပ်ဆောင် လုပ်ခွင့်လိုင်စင်ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ရုပ်ရှင်ရိုက်ခွင့်၊ ဒရာမာ၊ အော်ပရာတွေမှာ ထည့်ပြီးတော့ သုံးမယ်။ ဒါကတော့ သူ့ရဲ့ ကံ၊ စန်းအပေါ် မူတည်တယ်ပေါ့ လေ။အခုလောလော ဆယ်တော့ သူ့ကို အသိအမှတ် ပြုလက်မှတ် ပေးလိုက်ပြီ ’’ဟု Miss Asia Pacific World Myanmar ၏ National Director မလှနုထွန်းက ပြောသည်။ မေမြတ်နိုးသည် သရဖူရရှိခဲ့ သည့်အတွက် ပြိုင်ပွဲပြီးသော် လည်း တောင်ကိုရီးယားတွင် ဆက်လက်နေထိုင်ကာ ပြိုင်ပွဲနှင့် ပတ်သက်သော အနုပညာ အလုပ် များကို လုပ်ကိုင်နေပြီး ဇွန်လ၅ရက် ည ၁၀နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လာ မည်ဖြစ်သည်။
‘‘Miss Asia Pacific World 2014 သရဖူ၊ Talent Show တွင် Popularity Award၊Missosology ၀က်ဘ်ဆိုက်မှ ချီးမြှင့်သော Peo-ple Choice Award စုစုပေါင်း ဆုသုံးဆုအပြင် တောင်ကိုရီးယား နည်းပညာကုမ္ပဏီ Pangyo Techno Valley က မေမြတ်နိုးအား ၎င်းတို့ ကုမ္ပဏီ၏ သံတမန်တစ်ဦး အဖြစ် ခန့်အပ်ခဲ့သည်။ မေမြတ်နိုးသည် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်သော နိုင်ငံတ ကာအလှမယ် ၃၈ ဦးကို ကျော် ဖြတ်ကာ အလှမယ် သရဖူကိုမြန် မာနိုင်ငံအတွက် ပထမဆုံးရယူ ပေးနိုင်ခဲ့သူဖြစ်သည်။ 

7Day News

No comments:

Post a Comment