Thursday, April 24, 2014

ပဲခူးမြို့ ကြယ်တာရာ စားသောက်ဆိုင်အနီးတွင် ဆိုင်ကယ်ကျော်ရာမှတိုက်မိ၍ တစ်ဦးသေဆုံး

Thant Zin's photo. 
ဧပြီ(၂၄)၊ ၂၀၁၄
 
ပဲခူးမြို့မ ရဲစခန်း ပိုင် တွင် (၂၃.၄.၂၀၁၄)နေ့ ည(၉း၀၀)အချိန်ခန့် ရန်ကုန်-မန္တလေး ကားလမ်းမဘေး
ကြယ်တာရာဆိုင် အနီးတွင်ယာဉ် တိုက်မှု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ ယာဉ်မောင်း ဦးလှမျိုး (ဘ)ဦးမျိုးတင့် ၊အသက် (၅၄)နှစ် မြို့တွင်းကြီးရပ်ကွက်၊ပဲခူးမြို့နေသူသည် ၃ယ/xxxxx

Kenbo အမျိုးအစား ဆိုင်ကယ်အား တစ်ဦးတည်း မောင်းနှင်လာပြီး လားရာအတူ ရှေ့မှ အမည်မသိ ဆိုင်ကယ် အမျိုးအစား မသိ (၃)ယောက် စီးဆိုင်ကယ်အား ပဲခူးမြို့ ၊ကြယ်တာရာ စားသောက်ဆိုင်
အနီးမိုင်တိုင် အမှတ် ၅၁/၅ အနီးအရောက်တွင်ကျော်တက်ရာ ၀င်ရောက်တိုက်မိကာ ဆိုင်ကယ်လဲကျသွားခဲ့ပြီး(၃)ယောက်စီးအမည်မသိဆိုင်ကယ်မောင်းသူမှာထွက်ပြေးသွားခဲ့သည်
ယာဉ်တိုက်မှုကြောင့်ဦးလှမျိုး မှာ ၀ဲဘက် မျက်လုံးဖူးရောင်၊၀ဲဘက်ဂျိုစောင်း ကွဲပြဲဒဏ်ရာ၊နားသွေးထွက်ဒဏ်ရာများရရှိခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်းကျော်တက် သေဆုံးသူ ဦးလှမျိုး နှင့် ထွက်ပြေးတိမ်းရှောင်
သွားသော အမည်မသိ ယာဉ်မောင်း တို့ နှစ်ဦးစလုံး အား ဥပဒေအရအရေးယူပေးပါရန် ရဲအုပ်ဇော်လင်းသန့်မှ တာရာလိုပြုတိုင်တန်းသဖြင့် ယာဉ်(ပ)၂၁/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ
၃၀၄(က)/၂၀၂အရပဲခူးမြို့မစခန်းမှ အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။


သန့်ဇင် 
Copy from facebook

No comments:

Post a Comment