Thursday, April 24, 2014

လယ်သိမ်းခံ တောင်သူတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတင်ပြ

ဧပြီ(၂၄)၊ ၂၀၁၄
ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက လယ်ယာမြေ သိမ်းဆည်းခံရတဲ့ တောင်သူ ၂၀ ခန့်ဟာ ဒီကနေ့ နေ့လည်ပိုင်းက သူတို့လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် ရွှေဂုံတိုင်က အဖွဲ့ချုပ်မှာ လာရောက် တွေ့ဆုံတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်က သူတို့ရဲ့တင်ပြချက်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ဥပဒေရေးရာ အထောက် အကူပြုအဖွဲ့ကို စိစစ်ဆောင်ရွက်ပေးဖို့ ညွှန်ကြားခဲ့တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

လယ်သမားတွေက သူတို့လက်ရှိရင်ဆိုင်နေရတာတွေနဲ့ပတ်သက်ပြီး အမှုပေါင်း ၁၄မှု တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ အဖွဲ့ချုပ် ဥပဒေရေးရာအထောက်အကူပြုအဖွဲ့က တင်ပြချက်တွေအားလုံးကို မကြာခင်စိစစ်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

RFA Burmese

No comments:

Post a Comment