Saturday, April 26, 2014

“လူကုန်ကူးခံရသူတို့ကိုထိုင်းအစိုးရကကိုယ်လုံးတီးချွတ်၍လွှတ်သည်”


မောင်ပေါ်ထွန်း၊ ဧပြီ(၂၆)၊ ၂၀၁၄
တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့်  ထောင်ဒဏ် ၄၉ ရက်ချမှတ် ခံခဲ့ရသည့် လူကုန်ကူးခံခဲ့ရသူ မြန်မာအလုပ်သမား၆ဦးတို့၏ ငွေကြေး၊ဖုန်းနှင့် အ၀တ်အထည်များအားလုံးတို့အား အကျဉ်းထောင်နှင့် ရဲစခန်းတို့မှ ယူဆောင် ထားလိုက်သဖြင့် ကိုယ်လုံးတီးသဘောမျိုးဖြင့်လွတ်မြောက်လာခဲ့ကြောင်း အလုပ်သမားများကပြောသည်
      ၂၀၁၄ ခု မတ်လ ၃ ရက်ညဥ့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၆၄ အကွာ၊ မလေးရှားနယ်စပ် ကတန်မြို့ ဝှေ့မင်းလှေဆိပ်လှေ အမှတ်(၁) KTHAVEESIMပေါ်တွင်ရောင်း စားခံနေရသည့် ရခိုင်အလုပ် သမား၆ဦးအား MAT,FEDနှင့်နယ်မြေခံရဲတပ်ဖွဲ့တို့က ထိုင်းရေတပ်သင်္ဘော ဖြင့် သွားရောက် ကယ်ထုတ်ခဲ့သူများဖြစ်ကြသည်။
            ယမန်နေ့က အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး လက်ရှိ ကတန်ရဲစခန်းအချုပ်ခန်းထဲတွင်ရှိနေသော အလုပ်သမားကို……….က “ပွဲစားနဲ့ သူဌေး ဘာပြစ်ဒဏ်မှမကျပါဘူး။  တရားရုံးကိုတောင်မရောက်ကြပါဘူး။ ကျနော်တို့ ၄၉ ရက်ထောင်ကျနေခဲ့ပါတယ်။ ထောင်ကိုဝင်တဲ့အခါ ကျနော်တို့  ၆ယောက်လုပ်အားခ ပါလာငွေ ဘတ်၂၁,၆၀၀ ကိုထောင်မှာအပ်နှံပါတယ်။ 

  ကျနော်တို့ထောင်ကျနေတဲ့ကာလမှာ ယာစိမ်း(ပွတ်ချွန်း)ဆေးလိပ် စုစုပေါင်းနှစ် ရာကျော်ဖို့လောက်သောက်ပါတယ်။ ထောင်ကထွက်လာတဲ့အခါ စုစုပေါင်း  ဘတ်ငွေ ၁,၁၅၀ သာထုတ်ပေးဒါကြောင့် ဘတ်နှစ်သောင်းလောက် ကျနော် တို့ဆီကယူထားလိုက်ပါတယ်။ အ၀တ်အစားထည့်တဲ့ အိပ်တွေကိုလည်းေ တာင်းလို့မရခဲ့ပါ။ ရဲစခန်းမှာအပ်ခဲ့တဲ့ကျနော့် လက်ကိုင်ဖုန်းကိုလည်းပြန်မပေး ပါ။ ကျနော်တို့မှာ ရှိတာလေးတွေကို အကုန်ချွတ်ယူလိုက်ကြတဲ့သဘော ပါပဲ၊ ကျနော်တို့အပေါ်မှာ ပွဲစားတွေ၊ ထိုင်းသူဌေးတွေ ကျွန်ပြုရုံမကဘူး ထိုင်းအာဏာပိုင်တွေကပါ လုယက်ယူငင်ကြသူတွေပါလားလို့ပြောချင်ပါတယ်၊ သံသရာဆိုတာရှိခဲ့ရင် ထိုင်းတွေ ၀ဋ်မလည်ပါစေနဲ့” ဟုပြောသည်။ 

 
      လူကုန်ကူးခံခဲ့ကြရသည့် အမျိုးသားများနှင့်အိမ်ထောင်သည်များကိုထား ရှိသည့်ဘန်ကောက်မြို့အနီး ပထုံဌာနီကယ်ဆယ်ရေးစခန်းထဲတွင် ပြီးခဲ့သည့် မတ်လကမြန်မာအလုပ်သမားတစ်ဦးအား အရက်ဝယ်သောက်သည်ဟုဆိုကာ စခန်းဝန်ထမ်းများ ၀ိုင်းဝန်းရိုက်နှက်သဖြင့်ဆေးရုံတင်၍ကုသခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ လာရောက်၍ ခေါ်ယူခဲ့ရသည်။ 
    အဆိုပါ အလုပ်သမားမှာ လူကုန်ကူးမှုဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ကန်ချနဘူရီခရိုင် ထာ့မကာမြို့နယ်  မှVITA ၀ိုင်တ အမည်ရသည့်  နာနတ်သီးစက်ရုံမှ DSI နှင့် MAT တို့ ကယ်ထုတ်ထားခဲ့သည့်  အလုပ် သမားဖြစ်သည်။
         ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ကျနော်တို့က လူကုန်ကူးခံရသူတွေကို ကယ်ထုတ် တာတောင်မှ အခက်အခဲတွေ စွန့်စားမှုတွေအများကြီးကြား ထဲကလုပ်ရတာပါ။ လူကုန်ကူးခံရသူတွေကို တရားစီရင်တာတို့ လုပ်အားခ တွေနဲ့သူတို့ အခွင့် အရေးတွေ က ညှိနှိုင်းတဲ့အချိန်အခါတွေမှာ   မြန်မာအစိုးရ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့ အစည်း သို့မဟုတ်    မြန်မာလူမှုအဖွဲ့အစည်းတစ်ခုခုက အနီးကပ်လိုက်ပါ ဆောင် ရွက်ဖို့ လိုပါ မယ်။ လိုက်ပါဆောင်ရွက်ခွင့်ရအောင် မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး
တပ်ဖွဲ့က ထိုင်းအစိုးရကို အလျှင်အမြန်တောင်ဆိုဖို့လိုနေပါပြီ။ နွန် ထဘူရီ ရေလယ်ကျွန်းမှာရှိတဲ့ အမျိုးသမီးကယ်ဆယ်ရေးစခန်း ထဲမှာ မြန်မာ အမျိုး သမီးတွေနှိပ် ကွပ်ခံရတာတွေ၊ အငှါးကိုယ်ဝန်ဆောင်ခိုင်းတာတွေ ကျနော့် မှာအထောက် အထားအပြည့်အစုံရှိပါတယ်။ ပထုန်ဌာနီကယ်ဆယ်ရေးစခန်းထဲ
 မှာမြန်မာ အလုပ်သမားတွေကို ထိုင်းအဖွဲ့အစည်းတစ်ခုက စခန်းတာဝန်ခံ   တွေနဲ့ဝိုင်းနှိပ်ကွပ်တာတွေရှိတယ်။ လူကုန်ကူးခံခဲ့ရသူတွေကို ဒီလိုမျိုး လုပ်နေတာကိုတော့ အမြန်ဆုံး တားမြစ်ဖို့၊ အမှုကိစ္စလိုက်ပါဆောင်ရွက်နိုင် မှုတွေအတွက် မြန်မာအစိုးရကိုယ်တိုင်ဖြစ်ဖြစ်နိုင်ငံတကာအဖွဲ့အစည်း တစ်ခုခုနဲ့ဖြစ်ဖြစ် မြန်မာအဖွဲ့အစည်းတစ်ခုကိုပဲဖြစ်ဖြစ်ပူးပေါင်းလုပ်ဖို့လိုပါတယ်” ဟုပြောသည်။
      ၂၀၁၃ခုနှစ်က DSI,AHTD,FED နှင့်မြန်မာသံမှူးဦးနိုင်ထွန်းနှင့် MATအဖွဲ့ တို့သည်ကတန်ငါးဖမ်း လှေဆိပ်တွင်ရောင်းစားခံနေရသည့်မြန်မာအလုပ်သမားများ အား ၁၁ကြိမ် တိုင်တိုင်ကယ်ထုတ်ခဲ့သည်။ထိုကယ်ဆယ်မှုများအတွင်းလူကုန် ကူးခံနေရ သူပေါင်း၈၂ဦး နှင့်လူသတ်အဓမ္မပြုကျင့် သည့်မြန်မာဂိုဏ်း ခေါင်းဆောင် တစ်ဦး ကိုသေနတ်ဖြင့်ပစ်၍ဖမ်းဆီးခဲ့သည်။ ထို့အပြင် ၎င်းဂိုဏ်းသား၅ဦးတို့အား ဖမ်းဆီးထောင်ချနိုင်ခဲ့သည်။ 
    သို့ရာတွင် ထိုအမှုအတွက် အဓိကသက်သေအဖြစ် ထွက်ဆိုနေရ သည့်မြန်မာအလုပ်သမား၁၀ဦးတို့မှာတစ်နှစ်ကျော်ကြာရှိနေသည့်တိုင်အောင် မိသားစု များထံ သို့ပြန်ခွင့်မရပဲ  ရနောင်းကယ်ဆယ်ရေးစခန်းထဲတွင် အခွင့် အရေးချိုးဖေါက်မှု များစွာခံနေရဆဲဖြစ်သည်။ မူလကသက်သေ ၁၅ဦး ရှိနေခဲ့သော်လည်း၅ဦး မှာ စိတ်ဓါတ် ကျ ၍ ထွက်ပြေးသွားခဲ့ကြပြီးဖြစ်ကြောင်း သိရှိရသည်။ 
 
ရွှေလုပ်သား

No comments:

Post a Comment