Sunday, April 27, 2014

နိုင်ငံတော်ကို မည်သူပိုင်သနည်း


နိုင်ငံတော်ကို မည်သူပိုင်သနည်းဟု ဆိုပါလျှင် နိုင်ငံသားအားလုံးတို့ပိုင်သည် ဟုပင်ဆိုရပေမည်။ နိုင်ငံသားဆိုသည်မှာ လည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့်တိုင်းရင်းသား ပေါင်းစုံတို့ပါဝင်ကြပေသည်။ ဆင်းရဲချမ်း သာလူတန်းစားမရွေး ကျားမ မဟူအားလုံး ခွင့်တူညီမျှပိုင်ဆိုင်ကြပေသည်။ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁) နိုင်ငံတော်၏အခြေခံမူများ၊ ပုဒ်မ(၄) တွင် ““နိုင်ငံတော်၏ အချုပ်အခြာအာဏာ သည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ အာဏာတည် သည်””ဟု ပြဋ္ဌာန်းထားသဖြင့် နိုင်ငံသား တို့သည် အချုပ်အခြာအာဏာကိုပိုင်သူ များလည်းဖြစ်ကြပေသည်။

ထို့အတူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆(င)တွင်လည်း နိုင်ငံတော်တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများပိုမိုထွန်းကားလာရေးဆိုပြီး အခြေခံမူချမှတ်ထားသည်ကိုလည်းတွေ့ရှိ ရပါသည်။ ၎င်းအပြင် နိုင်ငံတော်သီချင်း တွင်လည်း တရားမျှတလွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းစသည့် စာသားများပါဝင် သည်ကိုတွေ့ရပါသည်။ သို့ရာတွင် နိုင်ငံတော်၏အခြေခံမူများနှင့် နိုင်ငံတော် သီချင်းပါစာသားများအတိုင်း နိုင်ငံသား တို့အနေဖြင့် ခံစားခွင့်ရှိမရှိဆန်းစစ်ကြည့် ဖို့လိုပေမည်။ ထို့ကြောင့် ယနေ့နိုင်ငံသား တို့ ကြုံတွေ့ခံစားနေကြရသည့် စီးပွား ရေး၊ နိုင်ငံရေး၊ လူမှုရေးကဏ္ဍတို့နှင့် ပတ်သက်ပြီး လက်လှမ်းမီသမျှဆွေးနွေး တင်ပြလိုပါသည်။
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းအားလုံးကို လူဦးရေရာခိုင် နှုန်းကသာချုပ်ကိုင်ထားသဖြင့် လူမှုရေး ပြဿနာနှင့် နိုင်ငံရေးပြဿနာများဖြစ် ပေါ်လာနိုင်ကြောင်း နာမည်ကျော်စီးပွား ရေးလုပ်ငန်းရှင်၊ လွယ်ဟိန်းကုမ္ပဏီများ အုပ်စုဥက္ကဋ္ဌဒေါက်တာစိုင်းဆမ်ထွန်းက ဖေဖော်ဝါရီလ (၈)ရက်၊ နံနက်တွင် စာပေလောက (၅)၌ ကျင်းပသော ဒီဗွီဘီ၊ ဒီဘိတ်အစီအစဉ်အပြီးတွင် စံ တော်ချိန်သတင်းစာသို့ပြောကြောင်းဖတ် လိုက်ရပါသည်။ ဆက်လက်ပြီးပုဂိ္ဂုလ်ကပင် ““မြန်မာနိုင်ငံ၏အဓိကစီးပွား ရေးလုပ်ငန်းများကို ကုမ်္ပဏီ ၂၀၀၀ ခန့်က ချုပ်ကိုင်ထားကြောင်း ချမ်းသာသူက တအားချမ်းသာပြီး ဆင်းရဲသူက တအား ဆင်းရဲနေတော့ လူမှုရေး၊ နိုင်ငံရေး ပြဿနာပေါင်းစုံဖြစ်လာနိုင်ကြောင်း လူမှုရေးမညီမျှမှုကိုဖြေရှင်းရန်လိုကြောင်း အောက်ခြေရောက်နေသူများကိုအလယ် အလတ်ရောက်အောင် ဆွဲတင်ပေးရမည် ဖြစ်ကြောင်း အိမ်ရာတွေရှိဖို့လိုကြောင်း မိသားစုငါးယောက်မှာ လေးယောက် အလုပ်ရလာဖို့လုပ်ပေးရမည်ဖြစ်ကြောင်း””စသည်ဖြင့် ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားလွန်းကြောင်း ထားစရာ မရှိသူနှင့် စားစရာမရှိတို့၏ အဆင့်မျိုး အထိ ကွာဟမှုဖြစ်နေကြောင်း သတင်း မီဒီယာသမားများ၊ နိုင်ငံရေးလှုပ်ရှားသူ များ၊ စီးပွားရေးလေ့လာသူများ၏ အရေး အပြောတို့ကိုကြားနေရသဖြင့် အချို့ ချမ်းသာသူများအနေဖြင့် မနာလို၍ ပြောကြောင်းထင်ကောင်းထင်မည်။ မှန်း ပြော ရမ်းပြောဟူ၍လည်း ယူဆချင် ယူဆကြမည်။ ယခုကဲ့သို့ လုပ်ငန်းရှင် ကြီးတစ်ဦးမှ ဖွင့်ဟပြောဆိုလာသဖြင့် ဆင်းရဲချမ်းသာကွာဟမှုမည်မျှကြီးမားနေ ကြောင်း ဆင်းရဲချမ်းသာကွာဟမှုကြောင့် လူမှုရေး၊ နိုင်ငံရေးပြဿနာများပင်ဖြစ်နိုင် ကြောင်း ဆင်းရဲချမ်းသာကွာဟမှုက နိုင်ငံ အတွက် မည်မျှအရေးကြီးနေကြောင်း သိသာထင်ရှားလှပေသည်။
ထို့အတူ ၂၅.၂.၂၀၁၄ နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ် တော်စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်မှုပူးပေါင်းကော်မတီကတင်သွင်း သည့် အစီရင်ခံစာတွင်လည်း ““ငွေကြေး ချမ်းသာသူများက ပိုမိုချမ်းသာလာပြီး ဆင်းရဲသူများပို၍ဆင်းရဲလာကြောင်းဖြင့် ထည့်သွင်းဖော်ပြထားကြောင်းလည်း သိရပါသည်။ ဆက်လက်ပြီး ““အိုးမဲ့ အိမ် မဲ့ ပြည်သူများပြားလာခြင်း၊ လယ်သမား များ လယ်ယာလုပ်ငန်းကုန်ထုတ်လုပ်မှု စရိတ်နှင့် ၀င်ငွေရရှိမှုမမျှတခြင်းကြောင့် အရှုံးပေါ်ပြီး အချို့လယ်သမားများ အကြွေးသံသရာလည်၍ လယ်မဲ့ယာမဲ့ ဘ၀ရောက်ရှိနေကြရကြောင်းဖြင့် ဆက် လက်သုံးသပ်ထားကြောင်း သိရှိရပါသည်။
လက်ရှိအခြေအနေတွင်လည်း ဆင်းရဲချမ်းသာကွာဟမှုက လွန်စွာကြီးမား လွန်းနေသည်။ ချမ်းသာသူတို့က ထမင်း တစ်နပ်သိန်းချီတန်သည့် စားပွဲကြီးများ ကျင်းပစားသောက်နေချိန်တွင် ဆန်ကြမ်း ထမင်း၊ ကန်စွန်းရွက်ဟင်းနှင့် ထမင်းတစ် နပ်စာရရှိရေးအတွက် နေပူမိုးရွာမရှောင် အလုပ်လုပ်နေကြရသည့် လယ်သမား၊ လယ်ယာလုပ်သား၊ အလုပ်သမားဆင်းရဲ သားတို့များစွာရှိနေကြသည်။ အိမ်ရှိ လူ ကုန်ကားဝယ်စီးနိုင်ကြသော ချမ်းသာသူ တို့၏ ကားများ၊ များပြားလာမှုကြောင့် ကားကျပ်၊ လမ်းကျပ်ဖြစ်နေရပြီး ခရီး သည် ဘတ်စ်ကားပေါ်တွင် ချွေးထွက် လူညှပ်ဘ၀ဖြင့် အချိန်ကုန်ပင်ပန်းကြရ၍ မိုးလင်းမှမိုးချုပ်အလုပ်သွားအလုပ်ပြန် အလုပ်သမားများလည်းအများကြီးပါ။ အိမ်ပိုင်ရာပိုင်မရှိ၍ အခန်းငှားနေရပြီး အခန်းခဈေးကြီး ပွဲစားနှိပ်စက်သည့်ဒဏ် မခံနိုင်သဖြင့် လမ်းဘေးမှာတဲထိုး၍ မလုံ မလဲမိုးကာပြီးနေနေကြရသည့် အိမ်ရာမဲ့ များလည်းအများကြီးပါ။ စီးပွားရေးကျပ် တည်းမှုကို ဖြေရှင်းရင်းရွှေ့ပြောင်းလုပ် သားဘ၀မှ တိုင်းခြားပြည်ရွာရောက်ကြ ရပြီး ရောင်းစား၊ ကျွန်ပြုအစော်ကားခံ နေကြရသည့် နိုင်ငံသားတိုင်းရင်းသား တို့လည်း များစွာရှိနေကြရပါသည်။
ဤသို့ဆိုပါလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ။ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများနှင့် ဦးညွတ်ပါရဲ့ လား။ နိုင်ငံသားတို့ပိုင်သောနိုင်ငံတွင် လူတစ်စုကချမ်းသာနေကြရပြီး လူထုက ဆင်းရဲနေကြရသည်မှာ သဘာဝမကျ။ ထားစရာမရှိသူက လူနည်းစု၊ စားစရာ မရှိသူက လူများစုဖြစ်နေသည်။ ထား စရာမရှိအောင် ချမ်းသာနေကြသူတို့သည် လည်း နည်းပညာအတတ်ပညာဖြင့် ချမ်း သာလာကြသူများ၊ အမွေရ၍ချမ်းသာ လာကြသူများမဟုတ်ကြ။ အများပိုင် မြေပေါ်မြေအောက်သစ်တောသတ်္တု၊ တိုင်းပြည်သယံဇာတတို့ကိုမတရားနည်း ဖြင့် ရယူချမ်းသာလာကြသူများဖြစ်ကြ သည်။ အတတ်ပညာမလို။ လုပ်ပိုင်ခွင့် နှင့် အာဏာသာလိုသည်။ လက်ညှိုး ညွှန်ရာ တောခုတ်တောင်ဖြို၊ ချိုင့်ဝှမ်း ဖြစ်အောင်လည်း ဖန်တီးနိုင်စွမ်းရှိကြ သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇ (က)မှာတော့ ““နိုင်ငံတော်သည် နိုင်ငံ တော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက် ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ်္စည်းအားလုံး၏ ပင်ရင်းပိုင် ရှင်ဖြစ်သည်””ဟု ပြဋ္ဌာန်းထားပါသည်။
နိုင်ငံရေးတွင်လည်း ဒီမိုကရေစီ သဘောအရ အုပ်ချုပ်သူ(အစိုးရ)သည် ပြည်သူကတာဝန်ပေးထားသူသာဖြစ် သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားတို့ထံမှဆင်းသက်လာခြင်းဖြစ် သည်။ ဒီမိုကရေစီစနစ်တွင် အစိုးရက မိဘမဟုတ်။ ပြည်သူကသာမိဘဖြစ်သည်။ သို့သော်ယနေ့အခြေအနေတွင် မိဘက သားသမီးကို ပြန်ကြောက်နေရသည်။ မိဘကသားသမီးကိုလက်အုပ်ချီနေရဆဲ ဖြစ်သည်။ ပါးနားရိုက်မည်ဟုကြိမ်းမောင်း ခံရသည်လည်းရှိသည်။ မိဘလုပ်စာ တိုင်းပြည်ဘဏ္ဍာစားနေကြသော သား သမီးတို့ကို မိဘပြန်ကြောက်နေရသည်။ မိဘပြည်သူများက ဖြစ်ချင်သည့် ဆန္ဒ တို့လည်းမဖြစ်။ ဥပဒေအရ ဥပဒေနှင့် အညီဆိုပြီး ကန့်သတ်ထားသည်။
သားသမီးတို့က ထားစရာမရှိအောင် ချမ်းသာနေကြသော်လည်း မိဘကစား စရာပင်အနိုင်နိုင်ဖြစ်နေကြရသည်။ ကျောတစ်နေရာစာချဖို့အရေး ပြေးလွှား နေကြရသည်။ လယ်သမားတို့က လယ် မဲ့ ယာမဲ့ဖြစ်ကြရသည်။ လယ်တစ်ကွက် စာ ထွန်ယက်နိုင်ဖို့အရေးဘ၀တိုက်ပွဲဝင် ရင်း အချုပ်ထဲထောင်ထဲရောက်နေကြရ သည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်ဆီသို့ ချီတက်ရင်း ခရီးလမ်းကမှုန်ဝါး ၀ါး။ ဖောင်စီးရင်းရေငတ်ဆိုသလိုဖြစ်နေ ကြရသဖြင့် ဒီမိုကရေစီဆိုသည်မှာ စား၍ ရသလားဟုပင်မေးရမလိုဖြစ်နေသည်။ နိုင်ငံတော်ကို ပြည်သူတို့ပိုင်ပါသည်ဟုပင် ပြောရမှာခက်နေပေသည်။
ပါတီစုံဒီမိုကရေစီဆိုသည့်အတွက် ပါတီတို့ကစုံလှသည်။ အချို့ပါတီဝင်တို့က မြောက်ကြွကြွ။ ပါတီဝင်ဆိုသည်မှာ ပြည်သူကိုစည်းရုံးရမည့်သူ။ ပြည်သူကို ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးကဲ့သို့ဆက်ဆံ ရမည်ကိုမေ့နေကြသည်လားမသိ။ အချို့ ပါတီကြီးငယ်တို့၏ ခေါင်းဆောင်တို့ အနေဖြင့် ပြည်သူ့မျက်နှာထက် မိမိပါတီ နှင့် မိမိနေရာအတွက် ကြည့်သူများနေ သည်။ အထူးသဖြင့် လွှတ်တော်အခင်း အကျင်းတွင် မြင်နေရသည်။ ပြည်သူ အတွက် အကျိုးရှိမည့် ဥပဒေနှင့် အဆို တို့တင်ပြဆွေးနွေးဆုံးဖြတ်ရာတွင်ကန့်ကွက် ဆွေးနွေးဆုံးဖြတ်မှုတို့ကိုတွေ့နေရသည်။ ပြည်သူကရွေးချယ်တင်မြှောက်ထားသည် ကိုပင်မေ့နေကြလားမသိ။ တစ်နေ့ထမင်း တစ်နပ်သာကျွေးမည့်သူလည်းရှိသည်။ ပါးရိုက်မည့်သူလည်းရှိသည်။ ကျည်ဆန် စာကျွေးမည့်သူလည်းရှိသည်။
နိုင်ငံသားတို့ ဆင်းရဲခြင်းနှင့်ဆက် စပ်ပြီး ကျောင်းနေအရွယ်တွင် ကျောင်း မနေနိုင်ဘဲ လုပ်ငန်းခွင့်ထဲရောက်နေကြ ရသည့် ကလေးများရှိနေသည်။ စပါး နယ်ကျွဲကျောင်းဘ၀မှစ၍ ပလုံးကောက်၊ စားပွဲထိုး၊ ဈေးရောင်းစသည့်ကလေးငယ် တို့ရှိနေကြရသည်။ ချမ်းသာသူတို့က မိမိ သားသမီးတို့ကို မြန်မာနိုင်ငံပညာရေးနှင့် အားမရဘဲ နိုင်ငံခြားလွှတ်ပညာသင်နေ ချိန် ပုဂ်္ဂလိကအဆင့်မြင့်ကျောင်းများတွင် ငွေကုန်ကြေးကျခံပြီး ကျောင်းတက်နေ ချိန်တွင် ဆင်းရဲသားနိုင်ငံသားမိသားစု များအတွင်း အခြေခံပညာပြီးဆုံးအောင် မသင်နိုင်သူကျောင်းနေရွယ်ကလေးတို့ ရှိနေကြရသည်။ ထို့အတူမိဘများရွှေ့ ပြောင်းရာနောက်သို့လိုက်ပါရင်း စစ်ပြေး ဒုက်္ခသည်အဖြစ်နေထိုင်ရင်းဖြင့်စာမသင် ရသောကလေးတို့ရှိနေကြရသည်။
ငွေကြေးချမ်းသာသူတို့ ပြည်တွင်း အထူးကုဆေးရုံကြီးများတွင် အထူးကု ဆရာဝန်ကြီးများဖြင့်ကုသရသည်ကို ကျေနပ်အားမရနိုင်ဘဲ နိုင်ငံခြားတိုင်း ပြည်များသို့ဆေးစစ်ကုသခံသွားနေကြ ချိန်တွင် ပြည်တွင်းရှိဆေးရုံဆေးခန်းများ ၌ပင် တူတူတန်တန်ကုသမှုမခံနိုင်သော ပြည်သူတို့များစွာရှိနေကြရသည်။ ကျေး လက်တောရွာများတွင် ဆရာဝန်နှင့်ပင် မကုသဘူးပဲ။ သေဆုံးကြရသူတို့လည်း ရှိနေကြသည်။ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလွန်းသဖြင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအခွင့်အလမ်းမညီမျှမှုများ များစွာကြုံတွေ့နေကြရလေသည်။
နိုင်ငံတော်၏သယံဇာတအရင်း အမြစ်ကိုခံစားနေကြရသူတို့က လူနည်း စု။ ဆင်းရဲခြင်းကိုခံစားနေကြရသူက အများစု။ နိုင်ငံတော်တွင်တရားမျှတခွင့် တူညီမျှခြင်းမရှိသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပြည်သူကိုအကာအကွယ် မပေးနိုင်။ အိမ်ရာမဲ့၊ လယ်ယာမဲ့၊ အလုပ် လက်မဲ့၊ အခွင့်အရေးမဲ့နိုင်ငံသားတို့များစွာ ရှိနေကြရသည်။ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေးတို့တွင် ဆင်းရဲ ချမ်းသာကွာဟမှုများစွာဖြစ်နေရသည်။ နိုင်ငံသားတို့ပိုင်သောနိုင်ငံတွင် နိုင်ငံသား တို့ အခွင့်အရေးဆုံးရှုံးနေကြရသည်။
ထို့ကြောင့် နိုင်ငံသားတိုင်းခွင့်တူ ညီမျှ၊ တရားမျှတမှုရှိနိုင်ရေးအတွက် ကြိုးစားရုန်းကန်တိုက်ပွဲဝင်နေကြရဦးမည် သာဖြစ်သည်။ နိုင်ငံခေါင်းဆောင်များ၊ စီးပွားရေးချမ်းသာကြွယ်ဝသူများအနေဖြင့် မိမိတို့၏ အတ်္တ၊ မာန၊ လောဘတို့ကို သတ်ပြီး ပြည်သူ့မျက်နှာကိုကြည့်၍ မိမိ တို့၏ သမိုင်းကောင်းမွန်ရေးအတွက် သတိအသိဖြင့် ဆင်ခြင်ဆောင်ရွက်သင့် ကြပါကြောင်း တိုက်တွန်းရေးသားအကြံ ပြုလိုက်ရပါသည်။       

ဖိုးရာဇာ

http://hotnewsweekly.com

No comments:

Post a Comment