Wednesday, April 30, 2014

RSFက ထုတ်ပြန်သည့် သူရဲကောင်းသတင်းထောက် ၁ဝဝ စာရင်းတွင် DVBသတင်းထောက် ကိုဇော်ဖေပါဝင်

Written by 
ဧပြီ(၃၀)၊ ၂၀၁၄ 
မေလ ၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် သူရဲကောင်းသတင်းထောက် ၁ဝဝ ဦး၏ ကိုယ်ရေးအကျဉ်းကို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)က ထုတ်ပြန်ရာတွင် ဒီဗွီဘီ (ဒီမိုကရက်တစ် မြန်မာ့အသံ) သတင်းထောက် ဦးဇော်ဖေလည်း ပါဝင်ခဲ့သည်။

ထို သူရဲကောင်းသတင်းထောက် ၁ဝဝ ဦး၏ သတ္တိရှိရှိ လုပ်ဆောင်မှုများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း၏ အပိုဒ် (၁၉) တွင် ဖော်ပြထားသော “မည်သည့်မီဒီယာကို ဖြတ်သန်းအသုံးပြု၍ ဖြစ်စေ၊ မည်သည့်နယ်မြေတွင်ပင်
ဖြစ်စေ၊ သတင်းအချက်အလက်များနှင့် စိတ်ကူးစိတ်သန်းအယူအဆများကို ရှာဖွေနိုင်ခွင့်၊ လက်ခံရယူနိုင်ခွင့် နှင့် ဖြန့််ဖြူးပိုင်ခွင့်တို့ ရှိသည်” ဟူသော လွတ်လပ်ခွင့်ကို အထောက်အကူပြုကြောင်း RSF ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ဒီဗွီဘီ၏ ဗွီဒီယိုသတင်းထောက် ဦးဇော်ဖေမှာ ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှုတို့ဖြင့် ၂ဝ၁၄ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင်
ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ၂ဝ၁၂ ခုနှစ် သြဂုတ်လအတွင်းတွင် ဦးဇော်ဖေသည် ပညာရေးသတင်းတစ်ပုဒ် အတွက် သတင်းရယူခဲ့ရာတွင် အမှုပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

Mizzima

No comments:

Post a Comment