Sunday, April 27, 2014

ပြည်ထောင်စုဝန်ကြီးဘုရား အလှူအပြီးခိုးခံရ


နွားထိုးကြီးမြို့နယ်၊လုံးတော ရွာ၌ ရဟန္တာကြေးသွန်းဘုရား တစ်ဆူ ဧပြီလဆန်းက ဆိုင်ကယ် ပေါ်တင်၍အခိုးခံလိုက်ရကြောင်း ဒေသခံရွာသူတစ်ဦးကပြောသည်။ အဆိုပါရဟန္တာမှာ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉဏ်ထွန်းအောင် ကိုးကွယ် ထားသော ဓမ္မာရုံမှ သော့နှစ်ထပ် ဖျက်၍ အခိုးခံရခြင်းဖြစ်သည်ဆို ၏။

ပိဿာချိန် ၂၅ ပိဿာခန့် ရှိသော ကြေးသွန်းရဟန်္တာကိုယင်း ဓမ္မာရုံ၌ဆူကိုးကွယ်ထားရာမှ အစွန်ဆုံးရဟန္တာအခိုးခံရခြင်းပါ ဟု ပြောသည်။ ၀န်ကြီး၏ ရှင် ၅၀၀ ကျော်အလှူပွဲအပြီး ကြေး သွန်းရဟန္တာခိုးခံရခြင်းဖြစ်သည်။ ယခုအကြိမ်မှာ ဒုတိယမြောက် ခိုးခြင်းဖြစ်ပြီး ပထမအကြိမ်က အခိုးခံဘုရားကို နနွင်းတော်ကိုး ရွာအနီး ကန်ထဲမှ ပြန်ရခဲ့သည်ဆို ၏။
နွားထိုးကြီးမြို့မရဲစခန်းကမူ စုံစမ်းနေကြောင်းပြောသည်။အမှု မဖွင့်သေးပါဆို၏။ ကျေးရွာကမူ ၀န်ကြီးမသိသေး၍ ၀ယ်ပြီးပြန် ထားမည်ဟုဆိုသည်။

ဌေးမြင့်မောင်

http://hotnewsweekly.com

No comments:

Post a Comment