Monday, April 28, 2014

မွတ်စလင် ဖိနှိပ်ရင် မြန်မာ မတိုးတက်နိုင်

အာဆီယံ ၁၀ နိုင်ငံက လူငယ်ခေါင်းဆောင် ၁၀၃ ဦးနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် သမ္မတ အိုဘားမား။ (Credit: AFP) 
ဧပြီ(၂၈)၊ ၂၀၁၄
လူနည်းစု ​ဘာသာခြား ​မွတ်စလင်တွေကို ​ဖိနှိပ်နေမယ်ဆို ရင်တော့ ​မြန်မာနိုင်ငံ အနေနဲ့ ​တိုးတက်မှာ ​မဟုတ်ဘူးလို့ ​အမေရိကန်သမ္မတ ​အိုဘားမားက ​မနေ့က ​ပြောကြား လိုက်ပါတယ်။


မြန်မာနိုင်ငံရဲ့ ​နိုင်ငံရေး ​ပြုပြင်ပြောင်းလဲမှုတွေကို ​ချီးကျူးခဲ့ပေမယ့် ​တိုင်းရင်းသား ​လက်နက်ကိုင်တွေနဲ့ ​ပဋိပက္ခတွေ၊ ​ဘာသာရေး ​နှိပ်ကွပ်မှုတွေဟာ ​ဒီမိုကရေစီရဲ့ ​အနှစ်သာရကိုညှိုးနွမ်းတဲ့ ​လုပ်ရပ်တွေ ​ဖြစ်တာကြောင့် ​ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ​မြန်မာဟာ ​လမ်းမှားထဲကို ​ရောက်သွားနိုင်တယ်လို့ ​မလေးရှားကို ​ရောက်နေခိုက်မှာ ​မစ္စတာ ​အိုဘားမားက ​ပြောကြားလိုက်တာပါ။

ကွာလာလမ်ပူမြို့တော် ​မလေးရှား ​တက္ကသိုလ် ​မှာပြုလုပ်တဲ့ ​အာဆီယံ ​၁၀ ​နိုင်ငံက ​လူငယ်ခေါင်းဆောင် ​၁၀၃ ​ဦးနဲ့ ​တွေ့ဆုံပွဲမှာ ​အမေရိကန် ​သမ္မတ ​က ​ပြောကြား ​သွားတာ ​ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲကို ​မြန်မာနိုင်ငံက ​အမျိုးသား ​နဲ့ ​အမျိုးသမီး ​၅ ​ဦးစီ ​တက်ရောက်ခဲ့ကြတယ်လို့ ​သတင်း ​ရရှိပါတယ်။

ABC Radio Australia

No comments:

Post a Comment