Saturday, May 3, 2014

ကြားဖြတ်ရွေးကောက်ပွဲတွင် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပါဝင်အားစမ်းမည်

တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီအနေဖြင့် လာ မည့် ၂၀၁၄ ကြားဖြတ်ရွေးကောက် ပွဲ၌ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နေရာသာဝင်ရောက်ယှဉ် ပြိုင်သွားရန် ရှိကြောင်းသိရသည်။
၂၀၁၄ ကြားဖြတ်ရွေးကောက်  ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်ရှိပြီး လစ်လပ်မဲဆန္ဒနယ်နေရာသာဝင်ရောက်ယှဉ်ပြိုင်ရခြင်း မှာလည်း ရွေးကောက်ပွဲကို အားစမ်း သည့် အနေအထားကြောင့် ဖြစ် ကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောသည်။

““၂၀၁၅ ရွေးကောက်ပွဲအတွက် အားစမ်းတဲ့အနေအထားအဖြစ် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို ယှဉ်ပြိုင်တာ””ဟု ဦးကျော်စွာစိုးက ဆိုသည်။
လက်ရှိတွင် အဆိုပါပါတီ အနေဖြင့် ၂၀၁၄ ကြားဖြတ်ရွေး ကောက်ပွဲအတွက် ကိုယ်စားလှယ် ရွေးချယ်မှုကိုစတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဦးကျော်စွာစိုးက ဆက်လက်ပြောသည်။
““မဲဆွယ်စည်းရုံးလုပ်ဖို့အတွက် အချိန်ကနည်းနည်းစောနေသေး တယ်။ အခုလူရွေးချယ်တာတွေ လုပ်နေတယ်။ ဒါပေမဲ့ စိတ်တိုင်း တော့ မကျသေးဘူး””ဟု ဦးကျော် စွာစိုးက ထပ်လောင်းပြောဆိုသည်။
အဆိုပါ ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီ တို့သည် လစ်လပ်မဲဆန္ဒနယ်အား လုံးကို ယှဉ်ပြိုင်သွားဖွယ်ရှိကြောင်း သိရသည်။ 
 
ဖြိုးအောင်
http://hotnewsweekly.com


No comments:

Post a Comment