Monday, June 9, 2014

နယ်စပ်တာဝန်ကျ တပ်မတော်သားများ အတွက် ကျပ်သိန်း ၂၀ ကျော်ဖိုးလှူဒါန်း

 မောင်တောနယ်စပ် တွင်တာဝန် ထမ်းဆောင်နေကြ သည့် တပ်မတော်သားများ အတွက် မြန်မာနေရှင်နယ် Net W-ork အဖွဲ့က အလှူငွေနှင့် စားနပ်ရိက္ခာသိန်း ကျပ်၂၀ ကျော်ဖိုးကို ဇွန်လ ၇ ရက်က မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးအစည်း အဝေးခန်းမတွင် လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အဖွဲ့မှလှူဒါန်းပေး သည့် စားနပ်ရိက္ခာနှင့် အလှူငွေ များမှာ ပြည်သူ များထောက်ပံ့ လှူဒါန်းထားခြင်း ဖြစ်ပြီး စားနပ်ရိက္ခာ(၁၂)မျိုး တန်ဖိုးကျပ်၁၉ သိန်းနှင့်ငွေသား ကျပ်၁၀ သိန်းကို မြန်မာနေရှင်နယ် Net work အဖွဲ့က သက်ဆိုင်ရာ တပ်ရင်းမှူးများ ထံသို့ပေးအပ်လှူဒါန်း ခဲ့သည်။
‘‘အခုလို ပြည်သူတွေရဲ့လုံခြုံရေးကို တာဝန်ယူပေးနေတဲ့ တပ်ဖွဲ့ဝင်တွေကို အလှူပေးတာ အရမ်းကောင်း ပါတယ်။ အထူးသဖြင့် မောင်တောနယ်စပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ လုံခြုံရေး တပ်တွေကို ထောက်ပံ့ပေး တာဟာ နိုင်ငံတော်ကို တစ်ဖက် တစ်လမ်းက ကာကွယ်ရာရောက်ပါတယ်’’ ဟု မောင်တောမြို့ခံတစ်ဦးက ပြောကြားသည်။
မောင်တောနယ်စပ်တွင် ၂၀၁၂ ဇွန်လ ၈ ရက်က ဆူပူ အကြမ်းဖက် မှုများဖြစ် ပွားပြီးနောက် နိုင်ငံတော် သမ္မတက အရေးပေါ်ကာ လကြေညာကာ တပ်မတော်သားများကို ရှေ့တန်းနယ်မြေ အဖြစ် လုံခြုံရေးချပေး ထားပြီး နယ်စပ်လုံခြုံရေးကို နယ်ခြားစောင့်ရဲများနှင့် အတူ ပူးတွဲတာဝန်ထမ်းဆောင်စေလျက် ရှိသည်။ 

7Day News

No comments:

Post a Comment