သထုံ ဇွန် ၈
သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်အရှေ့ ရန်ကုန်-ဘားအံ အဝေးပြေး လမ်းမပေါ်တွင် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်သော ၁၂ ဘီးယာဉ်က တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ပြီး လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၇ ရက်၊ ည ၈ နာရီ ၄၀ မိနစ် အချိန် ခန့်က သထုံမြို့နယ်၊
သုဓမ္မဝတီမြို့သစ်(ဂ) ရပ်ကွက် အရှေ့၊ ရန်ကုန်-ဘားအံ ကားလမ်း မိုင်တိုင်
အမှတ်(၂/၆)နှင့် (၂/၇) အကြားတွင် ရန်ကုန်မှ ဘားအံဘက်သို့ ယာဉ်မောင်း
ဦးဖိုးရှိန်း မောင်းနှင်လာသော ယာဉ်အမှတ် ၂ဂ/၅၅၁၄ UD Nissan ၁၂ ဘီး ယာဉ်သည်
ရှေ့မှ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ကျော်တက်စဉ်
အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ ဘားအံမှ ရန်ကုန်သို့ ယာဉ်မောင်း
ဦးကျော်ကျော်ဦး မောင်းနှင်လာသည့် ယာဉ်အမှတ် ၅ခ/၄၉၂၉ အောင်ထူးဆန်း
ခရီးသည်တင် မှန်လုံယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက် တိုက်မိခဲ့သည်။သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်အရှေ့ ရန်ကုန်-ဘားအံ အဝေးပြေး လမ်းမပေါ်တွင် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်သော ၁၂ ဘီးယာဉ်က တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ပြီး လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် မှန်လုံယာဉ် နောက်လိုက်ဖြစ်သူ ကိုပြည့်ဖြိုးကျော်၊ အသက်(၂၄)နှစ်မှာ ဦးခေါင်းကွဲ၊ ယာဒူးကျိုး ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ပြီး မှန်လုံယာဉ်ပါ ခရီးသည် ၆ ဦးနှင့် ၁၂ ဘီး ယာဉ်ပါ ၁ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရာ ဒဏ်ရာရရှိသူများအား သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူ တို့က ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးဖိုးရှိန်း အား သုဓမ္မဝတီရဲစခန်းမှ ဒုရဲအုပ် ကျော်သူရမျိုးက တရားလိုပြုလုပ်ကာ ယာဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
MOI Webportal Myanmar



No comments:
Post a Comment