သထုံ ဇွန် ၈
သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းပေါ်တွင် ယာဉ်မောင်း အိပ်ငိုက်ကာ ယာဉ်မဆင်မခြင် မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီး လမ်းဘေးထိုးဆင်းပြီး ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်၊ နံနက် ၅ နာရီအချိန်က ရန်ကုန်မှ မော်လမြိုင်ဘက်သို့
ယာဉ်မောင်း သူရ မောင်းနှင် လာသော ယာဉ်အမှတ် ၈ဈ/၉၁၀၄ ဟီးနိုးအမျိုးအစား၊
သန်မြန်သူ ခရီးသည်တင် မှန်လုံယာဉ်သည် နန်းခဲရပ်ကွက်၊ ဇေယျာလမ်းထိပ်အနီး
ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၄၉/၅) နှင့် (၁၄၉/၆) အကြား၊
ကျောင်းကုန်းကွေ့တွင် ယာဉ်မောင်း အိပ်ငိုက်သွားသဖြင့် လမ်း၏ယာဘက်ဘေးသို့
ထိုးဆင်းကာ ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့သည်။သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းပေါ်တွင် ယာဉ်မောင်း အိပ်ငိုက်ကာ ယာဉ်မဆင်မခြင် မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီး လမ်းဘေးထိုးဆင်းပြီး ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုက်မိသဖြင့် ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်မှုမရှိဘဲ ယာဉ်မောင်း သူရမှာ ဝဲဘက်နဖူးထိပ် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ဖြင့် သထုံခရိုင်ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိပြီး ယာဉ်မဆင်မခြင် မောင်းနှင်သော အဆိုပါ ယာဉ်မောင်းအား ဒုရဲအုပ် တင်မောင်လတ်မှ တရားလိုပြုလုပ်ကာ သထုံမြို့မ ရဲစခန်းက ယာဉ်(ပ)၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
MOI Webportal Myanmar
No comments:
Post a Comment