Monday, June 9, 2014

အနုပညာနှင့် ပရဟိတ ကြိုးစားလုပ်ဆောင် သွားမယ်ဆိုတဲ့ အလှမယ် မေမြတ်နိုး


ပြိုင်ပွဲဝင် အလှမယ် ၃၈ ဦးအနက် အလှမယ် ဆုကို ဆွတ်ခူး သွားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ များတွင် နှစ်ပေါင်းများစွာ ကြာပြီးမှ ပထမဦးဆုံး အကြိမ်အဖြစ် အလှမယ်ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုပြိုင်ပွဲမှာ 1st Runner Up ဆုကို ကိုရီးယား အလှမယ်၊ 2nd Runner Up ဆုကို Macau၊ အလှမယ်၊ 3rd Runner Up ဆုကို ဖိလစ်ပိုင် အလှမယ်တို့က ရရှိခဲ့သည်။ မေလ ၁၉ ရက်နေ့ကစပြီး နိုင်ငံတကာ အလှမယ်များနှင့် ပြိုင်ပွဲ အဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ အလှမယ် မေမြတ်နိုးက Pangyo Techno Valley သံတမန် အဖြစ် ခန့်အပ်ခံရကာ Talent Show ပြိုင်ပွဲတွင် Scalatium Popularity Awardကို ရရှိခဲ့ပါသည်။

ထို့အပြင် Missosology မှ ချီးမြှင့်သော ပရိသတ် မဲအများဆုံး Missosologists’s Choice Award ကိုလည်း ရရှိခဲ့သည်။ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ပွဲမှာ Miss Asia Pacific World 2014 အလှမယ်ဆုကို ရရှိပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ မေမြတ်နိုးက အသက် ၁၈ နှစ်ရှိပြီ ဖြစ်ပြီး အိပ်မက်ဆုံရာ Season – 6 မှာ ပြိုင်ပွဲဝင်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်သည်။
နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများနှင့် အဆက်အသွယ် ပြတ်တောက် နေခဲ့သည့် မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၂ ခုနှစ် မှ စတင်ကာ Miss International, Miss Supranational, Miss Grand International နှင့် Miss Universe ပြိုင်ပွဲများတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်များကို စေလွှတ်ယှဉ်ပြိုင်ခဲ့ပြီး Miss Internet ဆုနှင့် တခြား ဆုသေးများသာ ရရှိခဲ့ဖူးသည့် သရဖူဆုကို အလှမယ် မေမြတ်နိုးက ပထမဦးဆုံး အကြိမ် ရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ 

Popular News

No comments:

Post a Comment