Monday, June 9, 2014

လေပေါ်က Leap Motion ညွှန်းကြားနိင်တဲ့ HP ရဲ့ ကီးဘုတ် ( $99)


Leap Motion ကို အခု လက်ရှိ ပုံစံ (၃) မျိုးဖြစ် ရရှိနိင်ပါတယ်။ ဒါတွေကတော့ သူချည်းရိုးရိုး Plug in တပ်သုံးနိင်တဲ့ ကရိယာ၊ HP ရဲ့ Envy 17 Laptop ထဲမှာ ပါရှိတဲ့အနေနဲ့ လည်းကောင်း၊ HP ရဲ့
ကီးဘုတ်ထဲမှာ ထည့်သွင်း ပါဝင်ထားတဲ့ အရာတို့ပဲ ဖြစ်ပါတယ်။ သူချည်းသက်သက် Leap motion ကွန်ထရိုးလားကိုတော့ စဖြန့်ချိခဲ့တဲ့ အချိန်ကတည်းက ယူနစ် သန်းတစ်ဝက်နီးပါး ရောင်းချခဲ့ရတာ ဖြစ်ပြီး အခုတစ်ခါမှတော့ ကီးဘုတ် အထဲဖက်မှာ လက် မိုရှင်း ဆင်ဆာ အာရုံခံ စနစ်ပစ္စည်းအနေနဲ့ ပေါင်းထည့် လာခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ရွေးချယ်စရာကတော့ ကန့်သတ်ထားတဲ့ HP ကွန်ပျူတာတွေထဲမှာသာ ပါဝင်လာတာမျိုး ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ကီးဘုတ် အပေါင်း leap motion ဆင်ဆာ ပါဝင်တဲ့ တစ်မူထူးခြားတဲ့ ကီးဘုတ်ကို ဒေါ်လာ ၉၉ ဖြင့် ၀ယ်ယူရရှိနိင်တော့မှာ ဖြစ်ပါတယ်။ ဆော့ဝဲလ် Install လုပ်ထားပြီးတဲ့ ဘယ် Window 7 နဲ့ Window 8 PC မဆို ရရှိနိင်မှာ ဖြစ်ပါတယ်။]

အောင်ဟိန်း ( ရိုးရာလေး )

No comments:

Post a Comment