Saturday, March 15, 2014

တကယ်ပဲ ပြည်သူ့ဘက်ကရပ်တော့မလား

မြန်မာမှုနယ်ပယ်မှာ နှုတ်မစောင့်စီး တဲ့ လိပ်တစ်ကောင်အကြောင်း ငယ်ငယ်  ကသင်ခဲ့ရသည်ကို ပြန်သတိရနေမိပါ သည်။
ယနေ့အုပ်ချုပ်ရေးနယ်ပယ်၊ နိုင်ငံ ရေးနယ်ပယ်အသီးသီးတွင်လည်း နှုတ်မ စောင့်စီးသော လွှတ်တော်ကိုယ်စားလှယ် များ၊ ၀န်ကြီးဝန်လေးများကို တွေ့ရဖန်များ  သောအခါတွင် အမြင့်ဝေဟင်တွင် နှုတ်မ စောင့်စီး၍ မြေပြင်ကျသေပွဲဝင်ရသည်ကို ပြေးမြင်မိပြန်ပါသည်။ ပစ္စက္ခမြန်မာ့နိုင်ငံ  ရေးလောကတွင် ပြောင်းလဲလိုသူ၊ လုံးဝ မပြောင်းလဲသူ၊ ဟန်ပြပြောင်းလဲလိုသူ၊ ယခုမှပြောင်းလဲမှုစချင်သူစသဖြင့် အထွေ ထွေအပြားပြားတွေ့နေရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူ့ဘက်က ရပ်တည်သော အစိုးရ တစ်ရပ်အဖြစ်အမျှော်လင့်ကြီးမျှော်လင့်  ခဲ့ရာနှစ်၊ နှစ်ကျော်သက်တမ်းအထိ အား ရမှုမရှိခဲ့ပေ။
၂၀၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်ဖြင့် ပြောင်းလဲလိုသော အရိပ်အရောင်များ တွေ့လာရ၍ ပြည်သူများကသတိထား စောင့်ကြည့်လျက်ရှိနေကြသည်။ ဒယဥ့် တိုက်လိုက်ပြီး ခေါက်ရိုးကျိုးဗျူရိုကရက် ဉဉ်ဆိုးများဖြင့် ပြည်သူ့လိုအပ်ချက်များ ကို ဖီလာဆန့်ကျင်လုပ်နေကြသော ဌာန  ဆိုင်ရာအဖွဲ့အသီးသီးကြောင့် တိုင်းဒေသ ကြီးပုံရိပ်များကတက်မလာခဲ့ပေ။
ယခုကာလတွင်မူမြို့နယ်ရဲတပ်ဖွဲ့မှူး များ၏ ခွင့်မပြုခဲ့သော ဆန္ဒထုတ်ဖော်မှု များကို တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခွင့်ရလာခြင်းက သမ္မတကြီးပြည်သူဗဟိုပြုစနစ်ကို တိုင်းဒေသကြီး  အစိုးရအနေဖြင့် မျက်နှာမူလာပြီဟု သုံးသပ်အကဲခတ်၍ရပေသည်။
အထင်ရှားဆုံးသောဓကအနေဖြင့် ဖေဖော်ဝါရီလဆန်းပိုင်းက ပြုလုပ်သော  မြို့နယ်၊ ခရိုင်၊ တိုင်းအထွေထွေအုပ်ချုပ် ရေးဦးစီးဌာနများ၊ တိုင်းအဆင့်ဌာနဆိုင် ရာများရှေ့၌ တိုင်းဒေသကြီးဝန်ကြီးချုပ်  က “သမ္မတကြီး၏ပြည်သူ့ဗဟိုပြုစနစ်ဖြင့်  အားလုံးလုပ်ဆောင်ကြရန်လိုကြောင်း၊ အပေါ်ပိုင်းကပြောင်းလဲလာသော်လည်း  အောက်ခြေက လိုက်ပါပြောင်းလဲခြင်းမရှိ သေးကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ မကျေမနပ်တိုင်ကြားချက်များစုပြုလာ  ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများကြောင့် အစိုးရအမည်ပျက်ရကြောင်း၊ ဌာန (၆) ခု နာမည်အပျက်ဆုံးဖြစ်ကြောင်း (၀န်ကြီး  ချုပ်ကဌာန (၆) ခု အမည်ကို ဖော်ပြပါ  သည်။) ပြုပြင်လို့ရမလားလို့အချိန်ပေးလာ   သော ပညာပေးကာလကြာပြီဖြစ်ကြောင်း ယခုကစ၍ အရေးယူအပြစ်ပေးစနစ်ကို  ကျင့်သုံးတော့မည်ဖြစ်ကြောင်း “အကျယ် တ၀င့်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်ခုမှ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှူးတစ်ဦးက၀န်ကြီးချုပ် ၏အမှာစကားကိုအသံဖမ်းလာပြီး မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အထောက်အကူပြုကော်မတီများ၊ စည်ပင်သာယာရေးကော်မတီများစုံရာ အစည်းအဝေးတွင် ပြန်လည်ဖွင့်ပြ၍ အသိ ပေးခဲ့သည်။
၎င်းကောင်းမွန်သော စကားကို ဌာနဆိုင်ရာအကြီးအကဲများသိရှိလိုက်နာ နိုင်ရန် စီစဉ်တတ်သော မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးမှူးကို အမှတ်ပေးမိပါ သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်၏ အမှာ စကားကို ထောက်ခံပြောဆိုပြီး လိုက်နာ  ကြဖို့ထပ်ဆင့်တိုက်တွန်းမည်ဟု အားလုံး  ကမျှော်လင့်နေကြချိန်တွင် အဆိုပါမြို့ နယ်အုပ်ချုပ်ရေးမှူးက “သူကသာအပေါ်   ကပြောင်းပြီး အောက်က လိုက်မပြောင်း  ကြောင်းပြောနေ၊ မြို့နယ်က တိုင်းကိုသွား  တော့ ဂါရ၀ပြုဖို့ပါမသွားရင် ရလို့လား။  သူကကော ကင်းလို့လား၊ အောက်ခြေက  မရရင်အပေါ်ကို ဘာနဲ့ပေးမလဲ”ဆိုတဲ့  ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသော ညောင်မြစ်တူးပုတ်သင်ဥပေါ်စကားကို မျက်နှာရှုသိုးသိုးဖြင့်မကျေမနပ်ပြောဆို လိုက်ပါသည်။
အဆိုပါဖြစ်ရပ်ကိုမြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများကမြို့ထဲရပ်ကွက်ထဲတွင် ပြန်ပြောပြသောအခါပြည်သူများက မအံ့သြသော်လည်း ထူးဆန်းနေကြရပေ သည်။
အစဉ်အလာဖြစ်နေခဲ့သော အမှား ကြားအမှန်ဖြစ်နေသော ဂါရ၀ပြု၊ ကန်တော့၊ လက်ဆောင်စသည့်လာဘ် လာဘ်ပေးကမ်းမှုဖြစ်စဉ်ကြီးကို ရပ်ကြဖို့၊  အမှန်လုပ်ကြဖို့၊ တိုင်းအကြီးအကဲတစ်ဦးလမ်းညွှန့်ကို မြို့နယ်အဆင့်က လိုက်နာကြရန်အဘယ့်ကြောင့် ခက်ခဲနေ   ကြပါသနည်း။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ၀န်ကြီး၊ ၀န်ကလေးများမှာ နိုင်ငံတော်၏  လစာ၊ အဆောင်အယောင်၊ အဆင် အယင်များ မလိုရလေအောင်ပြည်သူ့ချွေး နှဲစာဖြင့် နိုင်ငံတော်မှ ထောက်ပံ့ထားပြီ ဖြစ်ရာ ဆီကိုင်တဲ့လက်ဆီပေရန်မလိုတော့   ဟုထင်ပါသည်။
ထို့ကြောင့်ပင် ၀န်ကြီးချုပ်ကြီးက လာဘ်ပေးလာဘ်ယူမလုပ်ကြဖို့နှင့် ပြည်သူ ဗဟိုပြုစနစ်ဖြင့် သွားရန် လမ်းညွှန်သည် ကို လိုက်နာသောအားအဖြင့် မြို့နယ်မှ တိုင်းသို့သွားရသော ဌာနဆိုင်ရာအကြီး အကဲများအနေဖြင့်လက်ချည်း ဗလာတစ် ခေါက်လောက်သွားစေချင်ပြီး မြို့နယ် သို့ပြန်ရောက်ပါက ၎င်းဖြစ်စဉ်၏ အကျိုး ရလဒ်များကို ပြည်သူများက ပွင့်ပွင့်လင်း  လင်းသိချင်နေကြပါကြောင်း ရေးသား လိုက်ရပါသည်။

ဧရာဗေဒါ
Copy From http://hotnewsweekly.com/node/2037

No comments:

Post a Comment