Friday, March 14, 2014

ပဲခူးမြို့ရှိ နံပါတ်(၅)လုံးပါ ၀၅၂- ကြိုးဖုန်းများအား ဆက်သွယ်ရေးဌာနမှ ၂၀၀၄ ခုနှစ်က ကြိုးဖုန်းဘေလ်အကြွေးကျန်တယ်ဆိုပြီး ငွေကြေးကောက်ခံ



ပဲခူးမြို့ရှိ နံပါတ်(၅)လုံးပါ ၀၅၂- ကြိုးဖုန်းများအား ၂၀၀၄ခုနှစ် ဖုန်းဘေလ်အကြွေးကျန်ဖုန်းများဟု သက်မှတ်ကာ ငွေ(၅၀၀)ကျပ်အား ဆက်သွယ်ရေးဌာနမှ ဖုန်းဖြင့်ကြိုးဖုန်းပိုင်ရှင်များထံ အကြွေးတောင်းခံ
နေကြောင်း ဒေသခံကြိုးဖုန်းပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပဲခူးမြို့ရှိ နံပါတ်(၅)လုံးပါ ၀၅၂-ကြိုးဖုန်းပိုင်ရှင်တစ်ဦးအား ဆက်သွယ်မေးမြန်းရာ '' ဟုတ်တယ်ခင်ဗျ။ ကျွန်တော်အိမ်ကို ပဲခူးမြို့ဆက်သွယ်ရေးဌာနက ဖုန်းနဲ့လှန်းတောင်းတာ။

၂၀၀၄ ခုနှစ်က ဖုန်းဘေလ်အကြွေးကျန်တယ်ဆိုပြီး ငွေ(၅၀၀)ကျပ်တောင်းတာ။ ကျွန်တော်လည်း ကျွန်တော်တစ်ယောက်တည်းတောင်ခံရတာလားဆိုပြီး နံပါတ်(၅)လုံးပါ ၀၅၂-ကြိုးဖုန်းပိုင်ရှင်တွေကို စုံစမ်း
ကြည့်တော့ သူတို့ကိုလည်း ဆက်သွယ်ရေးက အဲဒီလိုပဲတောင်းတယ်လို့ သိရတယ်။ ကျွန်တော်တို့ဖုန်းဘေလ်အကြွေးကျန်လျှင် ဆက်သွယ်ရေးဌာနက ဖုန်းလိုင်းဖျက်ပစ်တာပဲ။ အဲဒီလိုဖျက်မှာဆိုးလို့ တစ်ခါ
မှ အကြွေးမကျန်အောင် လစဉ်လတိုင်း ဖုန်းဘေလ်ဆောင်လာတာ (၁၅)နှစ်ကျော်သွားပြီး။ အခု ၂၀၁၄ ခုနှစ်၊ မတ်လထဲရောက်မှ ၂၀၀၄ ခုနှစ်က ကြိုးဖုန်းဘေလ်အကြွေးကျန်တယ်ဆိုပြီးကောက်တာ သဘာ
ဝ လုံးဝမကျဘူး။ ကောက်တဲ့ငွေကလည်း ငွေ(၅၀၀)ကျပ်။ နံပါတ်(၅)လုံးပါတဲ့ ၀၅၂-ကြိုးဖုန်းတွေကိုကောက်တာ။ နံပါတ်(၆)လုံးပါတဲ့ကြိုးဖုန်းတွေကိုမကောက်ဘူး။ နံပါတ်(၅)လုံးပါ ၀၅၂-ကြိုးဖုန်းတွေက ပဲခူး
မှာ မူလလက်ဟောင်းဖုန်းတွေဖြစ်တယ်။ ပဲခူးမြိုမှာဆို အဲဒီဖုန်းအလုံးအရေအတွက်ကတော်တော်များတယ်။ ဒီလိုမျိုး တစ်လုံးကို ငွေ(၅၀၀)ကျပ်ကောက်တယ်ဆိုတော့ ပဲခူးဆက်သွယ်ရေးဌာနက ငွေတော်တော်
များများရမယ်။ ဘာအတွက်ကောက်တယ်ဆိုလည်း ဘာအတွက်ကောက်တယ်ပေါ့။ အခုဟာက မလှိမ့်တပတ်နဲ့ ဖုန်းဘေလ်အကြွေးဆိုပြီး တောင်တာတော့မကောင်းဘူးပေါ့ဗျာ။ ငွေပမာဏာက မများပေမယ့်
ဆက်သွယ်ရေးဌာန၏ ကောက်ခံမှုအတိုင်းအတာဟာ ပွင့်လင်းမြင်သာဖို့ လိုပါတယ် "ဟု ပြောကြားသည်။

ဒေါက်တာလမ်းပြကြယ်

No comments:

Post a Comment