Friday, March 14, 2014

SKF ငါးသေတ္တာရုံ မှ မခင်နွယ်ဝင်း နစ်နာကြေးအဖြစ် လျော်ကြေးငွေ ဘတ်တစ်သိန်းရပြီး


ဆာမူစာခွန်ခရိုင် ဝပ်နန်းဆောင် ဘုန်းကြီးကျောင်းအနီးတွင်ရှိသော SKF ငါးသေတ္တာရုံ စက်ရုံ၌ အလုပ် လုပ်နေသူ မခင်နွယ်ဝင်သည် ငါးသေတ္တာအလုပ်ရုံရှိ ဝန်ချီစက်နှင့် ပွတ်တိုက်မိပြီး မြောင်းထဲသို့ ချော်လဲ ကျရာ ညာဘက်ခြေထောက်မှာ ကျိုးပြီး အသားရေများ ဖွာထွက်သွားခဲ့သည်။

အခင်ဖြစ်ပွားပြီးမကြာမှီအချိန်၌ အဆိုပါငါးသေတ္တာရုံထဲမှ မြန်မာအလုပ်သမားတစ်ယောက်မှ ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATအဖွဲ့မပာာချိုင်တာဝန်ခံ   ကိုခိုင်ကြီး ထံ ဆက်သွယ်အကြောင်းကြားအကူညီတောင်းခံလာခဲ့ရာ MATအဖွဲ့မှ ဆေးဝါးကုသ မှု့များခံယူစေခဲ့ပါသည်။

ထိုအချိန်တွင် မခင်နွယ်ဝင်းမှာ စက်ရုံထဲတွင် အလုပ်လုပ်နေစဉ်ကာလမှာ မည်သည့်အထောက်ထားမှ မရှိ၍ ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATမှ ရသင့်ရ ထိုက်သော အခွင့်ရေးများရနိုင်ရန်အတွက် ပတ်စပို့စ်လုပ်ပေးခဲ့ပါသည် ။
ထို့နောက် ဖြစ်စဉ်အကျဉ်းကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATရှေ့နေ နှင့် တိုင်ပင်၍ တရားရုံးသို့ တိုင်ကြားခဲ့ပါသည်။ မခင်နွယ်ဝင် ဆေးကုသခံယူနေစဉ် စက်ရုံမှဘတ်ငွေ သုံးသောင်းနှ င့်
 ကြေအေးပါရန် ပြောလာခဲ့ပါသည်။ ကာယကံရှင် မနွယ်ဝင်းမှာလဲ ခလေးနို့တိုက်စအရွယ်နှင့် ကိုယ်တိုင်ခြေ တဘက် ဆုံးရှုံး၍ အဖြစ်ဆိုးနှင့် အခက်ခဲမျိုးစုံ နှင့် ကြုံတွေ့ နေရပြီး။

မခင်နွယ်ဝင်းမှ ကျိုးသွားသော ခြေထောက်အတွက် စတီးရိုးအစားထိုးရမည်   ဖြစ်သောကြောင့် ဆေးကုသ မှုကုန်ကျစရိတ် များမည်ပာုပြောခဲ့ပါသည်။MAT ရှေ့နေများမှလည်း စက်ရုံမှ ပေးသောငွေ သည် မတန် တစ်ဆ ဖြစ်၍ တရားရုံးသို့ဆက်လက်တိုင်တန်းမှု့များ ပြုလုပ်ခဲ့ကြပါသည်။
ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ရှေ့နေများပြောဆိုရာ ၌ ဆေးဝါးကုသမှု့မှာ ဘတ်တစ်သိန်းခွဲကျော်ကို စက်ရုံမှ ရှင်းပေးပြီးဖြစ်သောလည် ကာယကံရှင်   မနွယ်ဝင်း မှာလဲ နို့တိုက်စအရွယ်ခလေးတစ်ယောက်ရှိသဖြင့် နစ်နာကြေးအဖြင့်ပေးသောငွေသား သုံးသောင်းလောက်နှင့် မည်သို့ လုံလောက်မည်နည်းပာု တဘက်နှင့် တစ်ဘက် တရားခွင်၌ အပြင်း အထန်း ပြောဆိုခဲ့ကြရာ။

နောက်ဆုံး၌ (12-03-2014 ရက်နေ့တွင်) မပာာချိုင်းတရားရုံး၌ ရှေ့နေများရှေ့ တွင်ကာယကံရှင်၏   ကျေနပ်   မှု့ဖြင့် ငွေသား ဘတ်တစ်သိန်း နှင့် ကြေအေးခဲ့သည်ပာု သိရပါသည် ။

မနွယ်ဝင်းမှပြောဆိုရာ၌ ပထမအချိန်က အလုပ်ရုံ၏ စကားများကြောင့် မရနိုင်တော့ပာု စိတ်လျော့ခဲ့မိ ပါကြောင်း သို့သော်လည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATအဖွဲ့မှ မခင်နွယ်ဝင်းဘက်မှ ရသင့် ရထိုက် သည့် အခွင့်အရေးများ ရရှိစေရေအတွက် လိုအပ်သည်အကူညီများ ပေးသောကြောင့် အမှုကိုဆက်လက်ရင်ဆိုင်လာခဲ့ရာ

ဒီနေ့ ၌အလွန်ဝမ်းမြောက်မိပါကြောင်း မနွယ်ဝင်းအနေဖြင့် မိမိ၏ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိ ရန် အကူညီများစွာပေးခဲ့သော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATအဖွဲ့ကို အလွန်ကျေးဇူး တင် မိပါကြောင်းနှင့် အကယ်၍များ MATမှ မကူညီခဲ့လျှင် ဒုက္ခိတဘ၀ရောက်နေသည့် မိမိအနေဖြင့်   နို့တိုက် အရွယ်သမီးလေးဖြင့် အခက်ခဲပေါင်းများစွာ ကြုံတွေ့ရမှာသေချာပါကြောင်းနှင့် ထိုင်းနိုင်ငံ၌ လာရောက်အလုပ်လုပ်ကိုင်ကြသော မြန်မာနိုင်ငံသား များလည် မိမိကဲ့သို့ အခက်ခဲများတွေ့ကြုံနေရပါက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATအဖွဲ့ဆက်သွယ်အကူညီတောင်းပါဟု ပြောဆိုခဲ့ပါသည်။ 
 

No comments:

Post a Comment