Tuesday, March 11, 2014

မီဒီယာတွေလွတ်လပ်မှုမရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောပြီ


အမေရိကန်နိုင်ငံအခြေစိုက် East- West Center က ကျင်းပ သည့်နိုင်ငံတကာသတင်းမီဒီယာ ညီလာခံဖွင့်လှစ်ပွဲနှင့် ဒေါ်အောင်  ဆန်းစုကြည်၏စုဖောင်ဒေးရှင်းဖွင့် လှစ်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ဆရာစံပလာဇာတွင် မတ်လ (၉) ရက်နေ့ကကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အမည်နှင့် တည်ထောင်ထား သည့်စုဖောင်ဒေးရှင်း၌ပူးတွဲတာ ၀န်ယူထားကြသည့်အမေရိကန် သမ္မတဟောင်းGeorge Bushရဲ့ ဇနီး Mrs. Lawra Bush နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်းြMrs.Hillary Clinton တို့မှ ကြိုတင်သွင်းထားသည့်မီဒီယို  ခွေနှင့် နုတ်ခွန်းဆက်စကားပြော ကြားခဲ့ကြသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့အနေနဲ့ သူ့မျှော်လင့် ချက်တွေဖြစ်တဲ့မြန်မာပြည်သူပြည် သားတွေအတွက် စုဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်မတို့အားလုံးကလူမှုဘ၀ကို တိုးတက်ရေးအတွက် ကျန်းမာရေး   ကအလွန်အရေးကြီးတယ်လို့ယုံ ကြည်ပါတယ်။  ကျွန်မ တို့လူ့အဖွဲ့အစည်းကိုတည်ထောင် တဲ့အခါမှာ ပညာရေးကအရေး ကြီးတယ်လို့မြင်ပါတယ်။ ကျန်းမာ  ရေးနဲ့ ပညာရေးကိုပံ့ပိုးခြင်းအား ဖြင့် မြန်မာပြည်သူပြည်သားတွေ ဟာတိုးတက်လာမယ်လို့ယုံကြည်  ပါတယ်”ဟု အခမ်းအနားမှူးက စုဖောင်ဒေးရှင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်ကိုထည့်သွင်းရှင်းပြ ခဲ့သည်။
၎င်းအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် “မြန်မာ နိုင်ငံမှာသတင်းမီဒီယာလွတ်လပ်  ခွင့်ပြီးပြည့်စုံနေပြီးလားလို့မေးရင် လွတ်လပ်မှုအပြည့်အ၀မရှိသေးဘူး  လို့ပြောရမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့မြန်မာ  နိုင်ငံမှာ လွတ်လပ်တဲ့သတင်းမီဒီ ယာတွေကို အကာအကွယ်ပေး ထားတဲ့ မီဒီယာဥပဒေမရှိသေးလို့ ပါပဲ။ တစ်ချိန်ထဲမှာလည်း တာဝန် ခံမှု၊ တာဝန်ယူမှုရှိတဲ့သတင်းမီဒီ ယာတွေလည်း လုံလုံလောက် လောက်မရှိသေးပါဘူး။ အဲဒါက ဘာကြောင့်လည်းဆိုရင် နှစ်ပေါင်း များစွာ လွတ်လပ်ပြီး၊ တာဝန်ခံမှု ရှိတဲ့ သတင်းမီဒီယာလောကနဲ့ အဆက်ပြတ်ခဲ့လို့ပါပဲ။ ဒါကြောင့်  တာဝန်ခံမှုရှိတဲ့ မီဒီယာလူငယ်တွေ အများအပြားရှိလာဖို့စနစ်တကျ လေ့ကျင့်ပေးဖို့လိုအပ်နေပါတယ်” ဟု အင်္ဂလိပ်ဘာသာဖြင့်ပြောကြား  ခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့ ကြောင်းကြားသိရသည်။
စုဖောင်ဒေးရှင်းသည်မြန်မာ နိုင်ငံ၏ကျန်းမာရေးနှင့် ပညာရေး  ကဏ္ဍာများကို ဖွံ့ဖြိုးတိုးတက်အောင်   ကြိုးပမ်းသွားမည်ဖြစ်ပြီး ကမ္ဘာ ကျော်ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး Michelle Yeoh က စုဖောင်ဒေးရှင်း ၌အကြီးအကဲတာဝန်ကိုထမ်းဆောင်  သွားမည်ဖြစ်ကြောင်း သိရသည်။
East-West Center က ကျင်းပသည့်သတင်းမီဒီယာညီလာ  ခံကိုစက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ရုံး၌ မတ်လ ၁၀ ရက်မှ ၁၂ ရက်ထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ  သတင်းမီဒီယာသမားနှင့် စီးပွား ရေး၊ နိုင်ငံရေးနယ်ပယ်၌ ထင်းရှား   သူများတက်ရောက်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲသို့နိုင်ငံပေါင်း ၃၁ နိုင်ငံမှသတင်းမီဒီယာသမား ၃၀၀ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။         

မျိုးကျော်

copy from http://hotnewsweekly.com/
 

No comments:

Post a Comment