Friday, March 14, 2014

သင့်အရေး



ဤတိုင်းပြည်မှာ၊ သင်နေပါ၏။
ဤလေကိုသာ၊ သင်ရှူပါ၏။
ဤရေကိုသာ၊ သင်သောက်ပါ၏။

ဤလူတွေသာ၊ ကြာရှည်ကြာညောင်း
အချိန်ပြောင်းလည်း၊ သင်ပေါင်းပါ၏။

ဤမြေဤရေ၊ ဤလူတွေနှင့်
နေနေပါက၊
ဤမြေအရေး၊ သင့်အရေးတည်း။
ဤလေအရေး၊ သင့်အရေးတည်း။
ဤလူတွေအရေး၊ သင့်အရေးတည်း။

ဤမြေဤရေ၊ ဤလူတွေသည်
မသွေမုချ၊ ဆိုးဒုက္ခနှင့်
ကြုံကြရလျှင်၊ သင်ပါမလွတ်
ခူးဆွတ်စရာ၊ ပေါများလာလျှင်
သင်ပါဝေငှ၊ စားသုံးရမှာ
မလွဲပါတည်း။

သို့ဖြစ်ပေလျက်
ဤလေဤရေ၊ ဤလူတွေနှင့်
ဤမြေဗိမာန်၊ ဤနိုင်ငံအရေး
သင်မတွေးလျှင်
ခွေးနှင့်ဘာများ ခြားမည်နည်း။

- မြန်မာ့အသံကျော်ဦး

Copy from http://www.goldenworkers.asia/

No comments:

Post a Comment