Friday, March 14, 2014

ဒိုက်ဦးစည်းသွတ်စက်ရုံ ၀န်ထမ်းများ၏ ဒုက္ခ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သိစေရန်တင်ပြခြင်း



ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ (ရန်ကုန် မှ ၇၂ မိုင်အကွာ)တွင် ဒိုက်ဦးအချိုမှုန့် စက်ရုံ၊ ဒိုက်ဦး ကော်မှုန့်စက်ရုံ၊ ဒိုက်ဦးစည်သွတ်စက်ရုံဟူ၍ စီမံကိန်းစက်ရုံများ အကောင်
အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ဒိုက်ဦးစည်သွတ်စက်ရုံသည် ၁၉၈၅ ခုနှစ်၊ မတ်လမှ စတင်၍ သြစတြေးလျနိုင်ငံမှ ၀က်မျိုး(၀က်ဖြူးကြီး)များကိုတင်သွင်းပြီး မွေးမြူရေးလုပ်
ငန်းများဆောင်ရွက်ခဲ့သည်မှာ ယခုနှစ် ၂၀၁၄ခုနှစ်၊ မတ်လဆိုလျှင် ၂၉နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ဤစက်ရုံသည် မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှတွင်လည်း
အကြီးဆုံးဝက်မွေးမြူရေးခြံကြီးဖြစ်ပါသည်။
ထိုမျှကြီးမားသော စက်ရုံမွေးမြူရေးခြံကြီးအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဖျက်သိမ်းရန် စီစဉ်
လျှက်ရှိပါသည်။ ထိုသို့ဖျက်သိမ်းမည်ဆိုပါက ဤစက်ရုံတွင် တာဝန်ထမ်းဆောင်လျှက်ရှိကြသော ၀န်ထမ်းလုပ်သား တစ်ရာ(၁၀၀)ကျော်နှင့် ပုတ်ပြတ်နေ့စားမှီခိုမိသားစု တစ်ရာ
(၁၀၀)ကျော်၏ စားဝတ်နေရေးမှာ များစွာမှ အခက်အခဲကြုံတွေ့ကြရမည်ဖြစ်ပါသည်။ ပြောင်းရွေ့ရမည့်ဝန်ထမ်းများမှာလည်း မိတကွဲ၊ မယားတကွဲ၊ လင်တကွဲ၊ မယားတကွဲ၊ သား
တကွဲနှင့် နေစရာအခက်အခဲများ များစွာကြုံတွေ့ရပါမည်။ နှစ်ပေါင်း(၃၀)နီးပါး တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော ၀န်ထမ်းများ၏ လုပ်အားခကိုလည်းကောင်း၊ ၂၀၁၁ခုနှစ်
ဝတ်နားရွက်ပြာရောဂါကမ္ဘာအနှံ့ကျရောက်ခဲ့စဉ်ခ လုပ်ငန်းကြီးပျက်စီးဆုံးရှုံးမှု အန္တရာယ်မှ ကာကွယ်ရန်အတွက် ၃လနီးပါး နေ့မအား၊ ညမနား ဆောင်ရွက်ခဲ့ကြသော နိုင်ငံတော်
အပေါ်ထားရှိသော ၀န်ထမ်းများ၏ စေတနာကိုလည်းကောင်း စာနာထောက်ထား၍ ကူညီဖြေရှင်းဆောင်ရွက်ပေးပါရန် မီဒီယာမှတဆင့်တင်ပြအပ်ပါသည်။

ဒိုက်ဦးစည်သွတ်စက်ရုံ ၀န်ထမ်းများ

No comments:

Post a Comment