Friday, March 14, 2014

ထိုင်းအထူးစုံစမ်း ထောက်လှမ်းရေးDSI တာဝန်ရှိများကို ကျေးဇူးတင်ဂုဏ်ပြုလွှာပေးအပ်


ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီ တာဝန်ခံ သံမူးကြီး ဦးအောင်မြင့် အလုပ်သမား သံ အရာရှိ ဦးကျော်ကျော်လွင် နှင့် ဒုတိယ အတွင်းဝန် ဦးထွန်းအေး တို့ သည် ယနေ့ နံနက် ၁ဝး ၃၀ အချိန်တွင် ထိုင်း အထူးစုံစမ်း ထောက်လှမ်းရေး(Department of special Investlgation) DSIတာဝန်ရှိများကို မြန်မာသံရုံး   အစည်းဝေး ခန်းမတွင် ကျေးဇူးတင် ဂုဏ်ပြုလွှာ ပေး အပ်ခဲ့ကြသည် ထို ဂုဏ်ပြုလွှာ ၏ မှတ်တမ်း သည် ထိုင်းနိုင်ငံရှိ မြန်မာ နိုင်ငံသား များ ကို အဘက်ဘက်မှ အရပ်ရပ်မှ မပာုတ်မမှန်သော လုပ်ရပ်များဆက် လက် အပြည့်ဝ ဝိုင်းဝန်း ကုညီ အလေးထားဆောင်ရွက်စေလိုကြောင်း သံမှုး ဦးအောင်မြင့် မှ ပြောကြား ခဲ့သည်။
 နောက်နောင် ဖြစ်လာမည့် လူကုန်ကူး မှု့ တိုက်ဖျက်ရေး လုပ်ငန်းများတွင် နှစ်နိုင်ငံတာဝန်ရှိသူများ မှ ပူးပေါင်း လက်တွဲ ဆောင်ရွက်သွားရန် ကိစ္စ ရပ်များကို အမြင်ခြင်း ဖလှယ် ဆွေးနွေး ခဲ့ကြပါသည် ခုလိုမျိုး လူကုန်ကူး မှု့တိုက်ဖျက်ရေးလုပ်ငန်းများတွင် ထိုင်းနိုင်ငံတာဝန်ရှိသူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေး သည့်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ကိုယ်စား မြန်မာသံရုံး ဘန်ကောက်မြို့ကိုယ်စား   ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြားလိုက် သည် ဒုက္ခအမျိုးမျိုး ကြုံတွေ့ နေရသော   ရွှေ့ပြောင်း   မြန်မာ အလုပ်သမား အား တတ်နိုင်သော ဘက်မှ ကူညီဆောင်ရွက်ပေးသည့်အတွက် လည်း သံမှုး အနေဖြင့် အထူး ကျေးဇူးတင်ပါကြောင်း အမှာစကားများကို ပြောကြားခဲ့ကြသည် ။
ထိုင်း အထူးစုံစမ်းစစ်ဆေးရေး DSI ဘက်မှလည်း ထိုင်းငါး ဖမ်းလှေများပေါ်တွင် လှေလုပ်သား များ မကြာ ခဏခဏ ထွက်ပြေးသောကြောင့် လှေ လုပ်သားများ ရှားပါး နေသည် ကို ထိုင်းလှေပိုင်ရှင် များကငြီးငြူနေ ကြ သည်ပာု တင်ပြသည် လှေလုပ်သား ကျွမ်းကျင် မှု့ နှင့် တရားဝင် လှေလုပ်သားများ ဖြစ်လာလျင်ကူညီ
စောင့်ရှောက်မှု့များ ပိုမိုကောင်းမွန် လာနိုင်သည်ပာု တင်ပြရာ အလုပ်သမားသံ အရာရှိ ဦးကျော်ကျော်လွင်  မှ လှေလုပ်သားများ ထွက်ပြေးရခြင်း အကြောင်းများမှာ ထိုင်းနိုင်ငံတွင် တရားမဝင်လမ်းကြောင်းဖြင့် 
ရောက် လာသော အလုပ်သမားများသည် များသော အားဖြင့် လူကုန်ကူး ခံရလေ့ ရှိပါတယ် များတာက   မြန်မာနိုင်ငံ သားတွေပါ ပွဲစားတွေလည်း နည်းအမျိုး မျိုး နဲ့ လှည့်ဖျားကြတယ် လှေလုပ်သားအဖြစ်   ရောင်းစား ခံ ကြရတာပါ ။
 
အလုပ်သမားတစ်ချို့မှာ လုပ်အားခတွေ နှစ်နဲ့ချီပြီးမရတာ တွေရှိတယ် လှေပေါ်မှာ ရောက်နေတဲ့ အလုပ် သမား များပာာ ဘာအထောက်ထားမှ မရှိ ဘူး ဥပဒေ အရ အကာကွယ် မဲ့နေတာကို တွေ့ရတယ်   လှေ လုပ်သား   များ ရဲ့ လုပ်ငန်း ခွင် မှာ ခံစားခွင့် နည်းပါးပြီး ဘဝ လုံခြုံမှု့ အတွက် အလွန် နည်းပါးပါ တယ် 
လုပ်အားခ တွေ ခေါင်းပုံဖြတ်တဲ့ လုပ်ရပ်များနဲ့ လုပ်ငန်းရှင် များမှ ဖိနှိပ်မှု့များ ပ ပျောက်နိုင်စေရန် ပူးပေါင်း လက်တွဲ ဆောင်ရွက်စေလိုကြောင်း နောက်တစ်ခု မှာ လှေဆိပ်တွေမှာ လူကုန်ကူး မှု့ ထပ်တိုးလာမည် ကို စိုးရိမ်မိသည် ပာုအလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် မှ DSI သို့ ပြောကြားခဲ့သည် ။
ကိုတီ

No comments:

Post a Comment