Tuesday, March 3, 2015

ပဲခူးမြို့၊ (Chinn Su)ချင်းစု အထပ်သားစက်ရုံလုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အလုပ်သမားတစ်ဦး ကိုယ်လက်အင်္ဂါချို့ယွင်းမှုဖြစ်ပွား


၂၀၁၅ခုနှစ်၊ ဇန်န၀ါရီ(၁၃)ရက်နေ့ နံနက်(၅)နာရီခန့်တွင် အထပ်သားစက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မယုယုခိုင်(ဘ)ဦးဘိုသန်းသည် ပဲခူးမြို့၊ချင်းစု(Chinn Su)အထပ်သားစက်ရုံရှိ သစ်လွှာဌာနတွင် လုပ်ငန်းဝင်နေစဉ်
အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့် ဘယ်ဘက်လက်သန်းကြွယ်ချို့ယွင်းသွားသော်လည်း စက်ရုံးမှ လျှော်ကြေး(သို့)နစ်နာကြေးတစ်စုံတစ်ရာပေးအပ်ခြင်းမရှိခဲ့ကြောင်း သူမ၏ မိခင်ဖြစ်သူ ဒေါ်ဒေါင်းကြည်မှ ပြောပြသဖြင့် သိရှိရ
သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ မယုယုခိုင်(ဘ)ဦးဘိုသန်းဆိုသူအား ဆက်သွယ်မေးမြန်းခဲ့ရာ " အဲဒီနေ့က ကျမညဆိုင်းဆင်းရတာပါ။ နံနက် (၅)နာရီခန့်မှာ ကျမ အမှိုက်စကိုတတ်နင်း
မိပြီး ချော်လဲသွားတော့ ကျမဘယ်ဘက်လက် သစ်လွှာစက်ထဲဝင်သွားတယ်။ ဘယ်ဘက်လက်ခလယ်နှင့်လက်သူကြွယ်ဒဏ်ရာသွားလို့  စက်ရုံကသူနာပြုဆရာမက ပဲခူးဆေးရုံးကို ကားနဲ့လိုက်ပို့ပေးတယ်။ ပဲခူးဆေးရုံးရောက်တော့
ကျမလက်ကဒဏ်ရာကို ဆရာဝန်ကပြန်ချုပ်ပေးပြီး (၂)ရက်ခန့်အကြာမှာ ဆရာဝန်က ဆေးရုံးကပြန်ဆင်းလို့ရပြီးဆိုလို့ ကျမဆေးရုံကပြန်ဆင်းခဲ့ရပါတယ်။ နောက်ရက်အနည်းငယ်မှာ ကျမလက်ဒဏ်ရာပြန်ကိုက်လာလို့ ဆေးရုံကို
ပြန်တက်ခဲ့ရတယ်။ ဆေးရုံးမှာ ကျမဘယ်ဘက်လက်သန်းကြွယ်ကို ဖြတ်ထုတ်ပစ်လိုက်ရတယ်။ နောက်ထပ် ဆေးရုံ(၁၂)ရက်ထပ်တတ်ခဲ့ရတယ်။ စက်ရုံကတော့ ကျမဆေးရုံတက်နေစဉ်အတွင်း ဆေးဝါးကုသမှုစားရိတ် ငွေ(၆၀၀၀၀)ကျပ်သာ
ထောက်ပံ့မှုပေးပြီး ဆေးရုံကို စက်ရုံမှတာဝန်ရှိသူများ လာရောက်ကြည့်ရှုမရှိပါဘူး။ ဆေးရုံကဆင်းပြီး လူမှုဖူလုံးရေးခွင့်နှင့်ယခုအိမ်မှာနားနေရတယ်။ စက်ရုံကတော့ အလုပ်သမားတစ်ဦး လုပ်ငန်းခွင်အတွင်းကိုယ်လက်အင်္ဂါချို့ယွင်းသွားလို့ နစ်နာ
ကြေးတစ်စုံတစ်ရာပေးအပ်တာလည်းမရှိသလို၊ လာရောက်ညှိနှိုင်းဆောင်ရွက်တာမျိုးလည်းမရှိခဲ့ပါဘူး "ဟု မီဒီယာများထံသို့ ဖြေကြားခဲ့သည်။

အထပ်သားစက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မယုယုခိုင် လုပ်ငန်းခွင်ဝင်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းမှုအပေါ် ချင်းစု(Chinn Su)အထပ်သားစက်ရုံရှိတာဝန်ရှိသူများမှ ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်ပေး
မှုမရှိပါက အလုပ်သမားရေးရာကိစ္စနှင့်ပတ်သက်၍  တတ်ကျွမ်းနားလည်းသော ပါတီ၊ အဖွဲ့အစည်းများကို မိခင်ဖြစ်သူ ဒေါ်ဒေါင်းကြည်မှ အကူအညီတောင်းခံ၍ အလုပ်သမားတစ်ယောက်၏ ရသင့်ရထိုက်သော အခွင့်အရေးများကို ဥပဒေအရ
တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။




သတင်းအပြည့်အစုံကို တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းပြီး ဆက်လက်တင်ပေးသွားပါမည်။ ယခုသတင်းနှင့်ပတ်သက်၍ အင်တာဗျူးလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 
ချင်းစုအထပ်သားစက်ရုံမန်နေဂျာ= ၀၉၅၃၀၀၁၇၉ ဦးဟန်ထွန်း
မယုယုခိုင်(ဘ)ဦးဘိုသန်း         = ၀၉၂၅၂၆၃၈၄၀၁ မယုယုခိုင်


သတင်းကြိုက်သူများအား အစဉ်ထာဝရလေးစားလျှက်

အဖေ့သား(ပဲခူး)

No comments:

Post a Comment