26 February 2015
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့
မိကျောင်းကန်သပိတ်စခန်းကို စည်ပင်ရဲတွေက ၀င်ရောက်
ဖြိုခွင်းရှင်းလင်းခဲ့ပြီး လူ ၁၈ ဦးကို ဖမ်းဆီးထားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေးဌာနက ရဲတွေက
ဖြိုခွင်းရှင်းလင်းခဲ့ကြတာဖြစ်ပြီး သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးနဲ့ ဈေးသည် ၎
ဦး စုစုပေါင်း ၁၈ ဦး ကို ဖမ်းဆီးသွားခဲ့တာပါ။
မိကျောင်းကန်သပိတ်စန်း ကနေ ဒီမနက်ဖမ်းဆီးခံရသူ ၁၈ ဦးကို ကျောက်တံတားတရားရုံးမှာ ဒီနေ့ ရုံးထုတ်ပြီး ရမန်ယူဖို့ရှိတယ်လို့ သိရပါတယ်။
အခုလို သပိတ်စခန်းဖြိုခွင်းတာနဲ့ ပတ်သတ်ပြီး ဒီဗွီဘီက ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေးဌာန၊
ဌာနမှူးကို မေးမြန်းခဲ့ပေမယ့် ဖြေဆိုခြင်းမရှိပါဘူး။
သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက် ၃ ခုက မြေနေရာတွေကို ၁၉၉၁
ခုနှစ်က တပ်ပိုင်မြေအဖြစ် သိမ်းဆည်းတာခံရတာနဲ့ ပတ်သက်ပြီး
နစ်နာကြေးပေးဖို့ မြို့ တော်ခန်းမရှေ့  မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ
ရက်ပေါင်း ၃၃၉ ရက်ရှိခဲ့ပြီးနောက် အခုလို သပိတ်စခန်းကို
ဖယ်ရှားခဲ့တာဖြစ်ပါတယ်။
ဒီမနက်မှာတော့ အဲ့ဒီနေရာကို သံဆူးကြိုးတွေနဲ့ တားထားပြီး စည်ပင်သာယာဝန်ထမ်းတွေက သန့်ရှင်းရေးလုပ်ငန်းတွေ ဆောက်ရွက်နေပါတယ်။
ဒီဗွီဘီ သတင်း
No comments:
Post a Comment