Wednesday, March 9, 2016

ပဲခူးအထူးသတင်း

 
ဆေးအဆိပ်သင့်၍ပဲခူးဆေးရုံကြီးတွင်ကလေး၂၈ယောက်အနက်၃ဦးသေ၄ဦးအရေးပေါ်အခြေနေအဖြစ်ရန်ကင်း
ကလေးဆေးရုံမှလူနာတင်အထူးကားဖြင့်ယနေ့ညနေ၄နာရီ ကျော်ခန့်ကပို့ဆောင်လိုက်ရကြောင်းကျန်ကလေး
များကိုတော့နေပြည်တော်မှရောက်လာသောကလေးအထူးကုဆရာဝန်ကြီးကအနီးကပ်ပြုစုကုသပေးလျက်ရှိ
ပါကြောင်းသတင်းရရှိပါသည်။ဖြစ်ပွားပုံမှာ၎ရက်၅ရက်၆ရက်နေ့များတွင်မွေးဖွားသောကလေးငယ်များကို၇
ရက်နေ့ညနေပိုင်းကတာဝန်ကျနပ်စ်မများမှကလေးများကိုဘီပိုးကာကွယ်ဆေးထိုးရမည်လူနာရှင်များမှ၆၅၀၀
ကျပ်စီစု၍ကလေး၂၈ဦးအတွက်ဆေးသွားဝယ်ရန်လူနာရှင်များထဲမှပဲခူးမြို့ခံသားတစ်ယောက်ကိုမေတ္တာဦးဆေး
ဆိုင်သို့ဖုန်းဆက်ထားသည်အဲ့ဒီဆိုင်မှာဆေးသွားဝယ်ဟုပြော၍လူနာရှင်၂၈ဦး၏ကိုယ်စားသွားရောက်ဝယ်ယူစေ
ခဲ့ပါသည်၊ဆေးဝယ်ယူပြီး၁၀မီးနစ်ခန့်အကြာတွင်တာဝန်ကျဆရာမများကကလေးများကိုတဦးစီဆေးထိုးပေး
လိုက်ပါသည်ဝယ်ယူ၍ကလေးများကိုထိုးပေးလိုက်သောဆေးမှာBပိုးကာကွယ်ဆေးဟုသိရပါသည်
၊ဆေးထိုပြီးနာ
ရီဝက်ခန့်အကြာကလေးများမှာနီညိုကွက်များအရေပြားတွင်ဖြစ်ပေါ်လာ၍မွေးစကကျန်းမာနေသောကလေးငယ်
များသည်ပါးစပ်တွင်အမြုံ့လေးများထွက်လာကာအော်ဟစ်ငိုယိုကာမိခင်၏နို့ကိုပင်မစို့နိုင်တော့ဘဲဝေဒနာခံစားနေ
ရသောလက္ခဏာများပြလာသည်ဟုလူနာရှင်မိဘများမှပြောပြပါသည်၊ကလေးမိဘများမှာဘာလုပ်လို့ဘာကိုင်ရ
မှန်းမသိတာဝန်ကျဆရာမများကိုပြောပြသော်လည်းကျေနပ်လောက်သည့်အဖြေမပေးနိုင်ဘဲရှိနေသဖြင့်သော
ကများနေကြရကြောင်းဤသို့ဖြစ်ပြီးတရက်အကြာကလေးတစ်ယောက်ဆုံးပါးသွားခဲ့ပါသည်ဤဆေးထိုး၍ဆေး
ရုံမှဆင်းခွင့်ပေးခဲ့သောကလေးများအနက်၂ယောက်ထပ်မံသေဆုံးသွားကြောင်းသိရှိရပါသည်။ဤဖြစ်စဉ်ကိုကြား
သိရသောလွတ်တော်ကိုယ်စားလှယ်၃ဦးနှင့်ပဲခူးမြို့နယ်(NLD)ဥက္ကဌဦးအောင်ခင်အပါအဝင်အလုပ်မှူဆောင်များ
သည်ယနေ့ပဲခူးပြည်သူ့ဆေးရုံကြီးသိုသွားရောက်ကဆေးရုံအုပ်ကြီးတွေ့ဆုံ၍ယ္ခုဖြစ်စဉ်ကိုအသေးစိတ်မေးမြန်
ကာရောဂါခံစားနေသောကလေးငယ်များကိုကြည့်ရူ့ခြင်းကလေးမိဘများအားအကျိုးအကြောင်းမေးမြန်း၍
အားပေးနှစ်သိပ်စကားများပြောကြားကာအတတ်နိုင်ဆုံ့းအကူညီပေးသွားမည်ဖြစ်ကြောင်းပြောကြားကာ
အခြေနေကိုတနေကုန်စောင့်ကြည့်၍ညနေ၄နာရီမှပြန်လည်ထွက်ခွာသွားခဲ့ကြပါသည်၊။

အဆိပ့်သင့်အလွမ်း
#‎ပဲခူးမြို့ရဲ့ထူးခြားသတင်းများ‬

Copy from facebook

No comments:

Post a Comment