Saturday, March 21, 2015

မူလ​ပညာ​ရေး​ဥပဒေ​ကို မ​ဆို​စ​လောက်​ပဲ ပြင်ဆင်​ဖို့ ဥပဒေ​ကြမ်း​တင်​သွင်း​ကြောင်း ဝေဖန်​နေ

အမျိုးသား ပညာရေး ကော်မရှင် ဖွဲ့စည်း ရေးကို ထပ်မံ ထည့်သွင်း ထားပြန်။
အမျိုးသား လွှတ်တော် မှာ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင် တဲ့ ဥပဒေကြမ်း အစီရင်ခံစာ ကို ဥပဒေကြမ်း ကော်မတီ က တင်သွင်း လိုက်တာ မှာ မူလ အမျိုးသား ဥပဒေ ကို အနည်းမျှ သာ ပြောင်းလဲ ထားတာ တွေ့ ရတယ် ဆိုပြီး ဝေဖန်သံ တွေ ထွက် ပေါ်လာပါတယ်။
အဲဒီ့ ဥပဒေကြမ်း အစီရင် ခံစာ ဟာ ၄ ပွင့် ဆိုင် ဆွေး နွေး ပွဲ တုန်း က သဘောတူ ထားတာ တွေ ကို အတော် များများ ကို ချန်လှပ် ထား တယ် ဆိုပြီး NNER ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက် က ဒေါက်တာ ညိုညိုသင်း က ပြောပါတယ်။

အမျိုးသား ပညာရေး ကော်မရှင် ဖွဲ့စည်း ရေး ဆိုပြီး မူလ ပညာရေး ဥပဒေ မှာ ပါဝင် တဲ့ အခန်း ကို ၄ ပွင့်ဆိုင် တုန်းက ပယ်ဖျက် ဖို့ သဘော တူ ထား ခဲ့ပေမယ့် အခု ပြင်ဆင်တယ် ဆိုတဲ့ ဥပဒေ ကြမ်း မှာ တော့ ပြန်ပြီး ထည့် သွင်း ထားပြန် တယ် လို့လည်း ဒေါက်တာ ညိုညိုသင်း က ဆိုပါတယ်။

ကျောင်းသား သမဂ္ဂ နဲ့ ဆရာ သမဂ္ဂ တွေ ကို ဖွဲ့ခွင့် ပေးဖို့ အဆိုပါ ဥပဒေကြမ်း အစီရင် ခံစာ က ဆိုပေမယ့် သက်ဆိုင်ရာ တက္ကသိုလ် တွေ ရဲ့ ပဋိညာဉ် နဲ့ အညီ ဖွဲ့ ရမယ် လို့ စည်းကမ်း သတ်မှတ် ထားပါတယ်။

အဆိုပါ ပဋိညာဉ် စည်းကမ်းချက် တွေ ကို သတ်မှတ် ရေးဆွဲ ရာမှာ  ကျောင်းသား နဲ့ ဆရာ ကိုယ်စားလှယ် တွေ ပါဝင် နိုင်မှာလား ဆိုတဲ့ မေးခွန်း ထုတ်ဖွယ် ဖြစ်လာရကြောင်း လည်း ဒေါက်တာ ညိုညိုသင်း က သုံးသပ် ထားပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

No comments:

Post a Comment