Friday, May 22, 2015

လမ်းပြကြယ်ပါတီ နိုင်ငံရေးပါတီတစ်ခုအဖြစ် မှတ်ပုံတင်ခွင့်ရရှိ

 ပဲခူးမြို့အခြေဆိုက် ပါတီတစ်ခုဖြစ်သော လမ်းပြကြယ်ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၅ခုနှစ်၊ မေလ(၂၀)ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ်ခွင့်ပြုလိုက်
ပြီဖြစ်ကြောင်း ဦးအေးမြင့်(လမ်းပြကြယ်)၏ ပြောကြားချက်အရ သိရှိရသည်။
လမ်းပြကြယ်ပါတီသည် ယခင်က လမ်းပြကြယ်အဖွဲ့အနေဖြင့် (၆၊ ၆၊ ၂၀၀၆)ရက်နေ့မှစတင်၍ တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေး၊ အခြေခံလူတန်းစားအရေး၊ ကလေးစစ်သားနှင့်
မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုများပပျောက်ရေးစသည့် လုပ်ငန်းစဉ်များအား အစဉ်တစိုတ် လုပ်ဆောင်ခဲ့သောအဖွဲ့အဖြစ် လူသိများလာခဲ့ခြင်းဖြစ်သည်။

ပါတီဌာနချုပ်ရုံးအား အမှတ်(၁၅၃၆)၊ အလင်းရောင်(၁)၊ ၆လမ်း၊ နန်းတော်ရာရပ်ကွက်၊ ပဲခူးမြို့ရှိ ဦးအေးမြင့်(လမ်းပြကြယ်)၏ နေအိမ်တွင်ဖွင့်လှစ်ထား ရှိပြီး ၂၀၁၅ ခုနှစ်အတွင်း
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင် ပါတီရုံးခွဲများ ဖွင့်လှစ်၍ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက်(ဥဿာမြေ)

No comments:

Post a Comment