Wednesday, March 9, 2016

အလုပ်ခွင်တွင်း သေဆုံးခဲ့သော မြန်မာအလုပ်သမားအတွက် လျော်ကြေးငွေ အမြန်ဆုံး ပြန်လည်ရရှိရေး MAT ကူညီမည်


သတင်း-မင်းဘခက်

ထိုင်းနိုင်ငံ ချာချင်ဆောင် ပဲလီယို-တလတ်ခေါ်ရီစွပ် ဈေးနား၂၄လမ်းရှိ ဆားကတ် အဟောင်းရောင်းဝယ်ရေးဆိုင်တွင် လွန်ခဲ့သော ၂လခန့်က အသက် ၂၁နှစ် အရွယ် မြန်မာ အလုပ်သမားတစ်ဦး အလုပ်ခွင် တွင်း သေဆုံးမှုကြောင့် အလုပ်ရှင်က သေဆုံးသူ၏ မိသားစုဝင်များ ကို လျော်ကြေးပေးမည်ဟုဆိုသော်လည်း ယနေ့အချိန်ထိ ရွေ့ဆိုင်းနေ မှုကြောင့် အမြန်ဆုံး ရရှိရေးအတွက် ထိုင်းနိုင်ငံ မြန်မာနိုင်ငံသားများ အဖွဲ့(MAT)က ကူညီပေးမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ အလုပ်ရုံတွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရွှေလောင်းတင် ကျေးရွာဇာတိ အသက် ၂၁နှစ်အရွယ် မောင်စိုးမင်းနောင်မှာ ယခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ ည၇နာရီခွဲခန့်က အလုပ်လုပ်ကိုင်နေစဉ် ၁၂ဘီး မော်တော်ယာဉ် တိုက်မိပြီး သေဆုံးခဲ့သည်။


သေဆုံးပြီး သုံးရက်အကြာ သင်္ဂြိုလ်သည့်နေ့တွင် ထိုင်းရဲနှင့်တကွ အလုပ်ရုံပိုင်၊ ကားသမားတို့က သေဆုံးသူ၏ အစ်မ မမိုးစန္ဒာဝင်း ကို ခေါ်ယူပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူအတွက် လျော်ကြေးငွေ ဘတ်၇သိန်း ပေးမည်ဖြစ်ပြီး အမှုမဖွင့်ရန်ပြောဆိုကာ အမှုမဖွင့်ကြောင်း လက်မှတ်ရေးထိုးခိုင်းခဲ့သည်။


ယင်းနောက် ဇန်နဝါရီလ ၁၉ရက်နေ့တွင် အစ်မဖြစ်သူ မှန်ကန်ကြောင်း ရဲစခန်းတွင် လက်မှတ်ထိုးခိုင်းခဲ့ပြီး လျော်ကြေးငွေ ဘတ်၇သိန်းကို ၄၅ရက်မြောက်နေ့တွင် ပေးမည်ဟုဆိုကာ ၎င်းတို့က ချိန်းဆိုခဲ့သည်။
ချိန်းဆိုသော ၄၅ရက်ပြည့်သည့် မတ်လ၁ရက်နေ့တွင် လျော်ကြေးငွေ လက်ခံရန် လာရောက်ခဲ့သော်လည်း ပိုင်ရှင်က အတွေ့မခံကြောင်း
သေဆုံးသူ၏ အစ်မ မမိုးစန္ဒာဝင်းကပြောသည်။

လုပ်ငန်းခွင်အတွင်း ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့သော ကိုစိုးမင်းနောင် ၏ လျော်ကြေးငွေများကို ရရှိရန်အတွက် မတ်လ ၇ရက်နေ့တွင် MATအဖွဲ့ ထံ အကူညီ တောင်းခံလာသဖြင့် လျောကြေးငွေ အမြန်ဆုံးရရှိရေးအတွက် ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
 
http://www.goldenworkers.asia/2016/03/mat.html

No comments:

Post a Comment