Friday, June 27, 2014

နှုတ်က ဖွင့်မပြောကြတဲ့ လူ့ခံစားချက် အချို့


၁။ တိတ်ဆိတ်နေခြင်းက တစ်ဖက်လူရဲ့ အာရုံ စူးစိုက်မှုကို လိုအပ်ကြောင်း ပြတဲ့ အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ပါတယ်။
၂။ ည အချိန် ဖုန်းဆက်ခြင်း၊ မက်ဆေ့ခ်ျပို့ခြင်းက အနှောင့်အယှက် ပေးရန်၊ ဘတ်ဒေး ဆုတောင်းရန် မဟုတ်ပဲ တစ်ခါ တစ်လေမှာ သူ အထီး ကျန်နေ ကြောင်း စကားပြောဖော၊ ဆွေးနွေးတိုင်ပင်ဖော် လိုအပ်ကြောင်း ပြဆိုခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။
၃။ မျက်လုံး မိတ်လိုက်တိုင်း အိပ်တယ်လို့ မဆိုနိုင်ပါဘူး။ တစ်စုံ တစ်ယောက်ကို ရည်ရွယ်ပြီး စိတ်ကူးနဲ့ တွေးနေတဲ့ အခါမှာလည်း မျက်လုံး မိတ်ထား တတ်ကြ ပါတယ်။
၎။ သီချင်း တစ်ပုဒ်ကို နှစ်နှစ်ခြိုက်ခြိုက် နားထောင် နှစ်မျော နေသူ တစ်ဦးက ကြိုက်ရုံတင် မက ပါဘူး။ တစ်ခါတစ်ရံဟာ သူ့ရဲ ခံစားချက်နဲ့ ထိတွေ့ တိုက် ဆိုင် နေတတ်လို့လည်း ဖြစ်နိုင် ပါတယ်။ 

ရိုးရာလေး

No comments:

Post a Comment