Sunday, June 22, 2014

ကမ္ဘာ့ဖလားဘောလုံးပွဲများကို နေအိမ်၌သာ ကြည့်ရှုကြရန် ကင်ညာအာဏာပိုင်များ တိုက်တွန်း

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှ ကီဘာရာဆင်းရဲသားရပ်ကွက်တွင် ကမ္ဘာ့ဖလား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသူများ (Hosam Katan/REUTERS)
 
ကမ္ဘာ့ဖလားဘောလုံးပွဲ များကို လူများပြီး အကာအကွယ် မရှိသော လေဟာပြင်နေရာများတွင် ကြည့်မည့်အစား နေအိမ်များတွင်သာ သက်သောင့်သက်သာ ကြည့်ရှုအားပေးကြရန် ကင်ညာအစိုးရက ပြည်သူများကို တိုက်တွန်းထားသည်။

ကင်ညာနိုင်ငံ ကမ်းရိုးတန်း တွင် ယခုသီတင်းပတ်အစောပိုင်း က လူ ၆၀ ကျော် သေဆုံးခဲ့သည့် တိုက်ခိုက်မှုနှစ်ကြိမ် ဖြစ်ပွားပြီး နောက် အစိုးရက ယင်းသို့ ကြေ ညာလိုက်ခြင်းဖြစ်သည်။
ဇွန်လ ၁၅ ရက်က လူအများ ဘောလုံးပွဲကြည့်နေကြစဉ် အမ် ပီကီတိုနီမြို့တွင် တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း လုံခြုံရေးတိုးမြှင့်ထားသော်ငြား အရက်ဆိုင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များအနေဖြင့် အထူးသတိရှိကြရန် ကင်ညာပြည်ထဲရေး ဝန်ကြီးဌာနက သတိပေးထား သည်။
ကင်ညာစစ်သားများအား ဆိုမာလီယာဒေသတွင် ချထားခြင်းနှင့် မွတ်စလင်များကို သတ်ဖြတ်မှုတို့အတွက် လက်စားချေခြင်းအဖြစ် အမ်ပီကီတိုနီမြို့နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများမှာ ၎င်းတို့လက် ချက်ဖြစ်သည်ဟု ဆိုမာလီယာ ဒေသရှိ အစ္စလာမစ် အယ်လ်ရှာ ဘတ်အဖွဲ့က ပြောသည်။
လူမျိုးစုတစ်စု၏ အဖွဲ့ဝင် များ ပစ်မှတ်ထားခံခဲ့ရသဖြင့် ယင်းအကြမ်းဖက်တိုက်ခိုက်မှုအ တွက် ဒေသဆိုင်ရာ နိုင်ငံရေး ကွန်ရက်များကို အပြစ်တင်ရမည် ဟု ကင်ညာသမ္မတ ကင်ယက်တာ က ပြောသည်။
သေဆုံးခဲ့သူ အများစုမှာ သမ္မတကြီးကဲ့သို့ ကီကူယု့စ်လူမျိုး များဖြစ်ကြသည်။ မွတ်စလင်မဟုတ်သူများသာ ရွေးချယ်သတ်ဖြတ် ခံခဲ့ရခြင်းဖြစ်သည်။
နိုင်ဂျီးရီးယားနိုင်ငံ မြောက် ပိုင်းဒေသအချို့တွင် အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ်အဖွဲ့၏ အန္တရာယ်ကြောင့် ကမ္ဘာ့ဖလား ဘောလုံးပွဲများကို လူအများ စုပေါင်းကြည့်ရှုခြင်း တားမြစ်ထားသည်။
ဇွန်လ ၁၇ ရက်က ဒမာတူရူ မြို့တွင် ကမ္ဘာ့ဖလားကြည့်နေသူ ၂၀ ကျော် သေဆုံးခဲ့သည့် အသေခံ ဗုံးခွဲတိုက်ခိုက်မှုအတွက် ဘိုကို ဟာရမ် စစ်သွေးကြွများမှာ အပြစ်တင်ခံထားရသည်။
ကင်ညာနိုင်ငံသားများသည် ဘောလုံးပွဲကြည့်ရန် အရက်ဘား ဆိုင်များသို့ ပုံမှန်သွားလေ့ရှိသ ဖြင့် ယခုသတိပေးမှုက ပရိသတ် များစွာကို စိတ်ပျက်စေလိမ့်မည် ဟု နိုင်ရိုဘီမြို့ရှိ ဘီဘီစီသတင်း ထောက် ပေါလ်နာဘီစဝါက ပြောသည်။
—Ref: BBC

http://7daydaily.com

No comments:

Post a Comment