Sunday, June 22, 2014

အိမ်သာသွားတဲ့ အဆောင်နေ ကျောင်းသူကို ပါးစပ်ပိတ်ပြီး ချွန်ထက်သော အရာနှင့်ထိုး

 ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ ကန်ရိုးကျေးရွာရှိ (သွန်းရွှေစင်)အမျိုးသမီး ဘော်ဒါဆောင်နေ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ မယဉ်သွယ်ဦး ကို အမျိုးသား တစ်ဦး က ချွန်ထက်သော အရာနှင့် ထိုးသွားတာကြောင့် ဒဏ်ရာရရှိပြီး တောင်ငူ ဆေးရုံမှာ တက်ရောက် ကုနေကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါတယ်။
မယဉ်သွယ်ဦး ဟာ  ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၁ နာရီခန့် က ဘော်ဒါဆောင် နောက်ကျောဘက်ရှိ အိမ်သာကို သွားတက်ပြီး လက်ဆေးဖို့  အိမ်သာအနီး အုတ်ရေကန်ကို အသွားမှာ နောက်ကနေ အမည်မသိ အမျိုးသား ၁ ဦးက သိုင်းဖက်ပြီး ပါးစပ် ပိတ်လိုက်တာကို ခံရကြောင်း သိရပါတယ်။

အဆိုပါ အမျိုးသားလက်ကနေ လွတ်မြောက်ဖို့ အော်ဟစ်ရုန်းကန်ပြီး အဆောင်အခန်းအတွင်းကို ထွက်ပြေးခဲ့ပါတယ်။ အခန်းအတွင်းရောက်တဲ့အခါ အတူနေ သူငယ်ချင်းဖြစ်သူ မရွှေစင်ပြည့်စုံ က အခန်းမီး ဖွင့်ကြည့်ရာ မယဉ်နွယ်ဦး ရဲ့ ဝဲဘက် ရင်သားဘေးမှာ လက်မ၀က်ခန့်  ထိုးသွင်းဒဏ်ရာ ၁ ချက်ကို ရရှိထားပြီး သွေးထွက်နေတာကြောင့် ကျောင်းအုပ်ဆရာမကြီးဆီ အကြောင်းကြားပြီး တောင်ငူ ဆေးရုံပို့ ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်ကို မယဉ်နွယ်ဦးက တောင်ငူမြို့ မ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားကြောင်း သစ်ထူးလွင် မှ စုံစမ်း သိရှိရပါတယ်။

BY THIT HTOO LWIN


No comments:

Post a Comment