Sunday, June 22, 2014

မော်တော်ဆိုင်ကယ်ဖမ်းဆီးရေးအဖွဲ့၏ မဆင်မခြင်ဖမ်းဆီးမှုကြောင့် ပြည်သူတစ်ဦးသေဆုံး


ပြီးခဲ့သည့် (၉၊ ၆၊ ၂၀၁၄)ရက်နေ့ နံနက် (၉)နာရီ၊ (၁၇)မိနစ်ခန့်တွင် ပဲခူးမြို့နယ်၊ အင်းတကော်မြို့ ရဲစခန်းရှေ့တွင် မော်တော်ဆိုင်ကယ်ဖမ်းဆီးရေးအဖွဲ့မှ ယာဉ်မောင်း ကိုမင်းမင်းငယ်(ဘ)ဦးတင်မြင့်၊ အသက်(၃၄)နှစ် မောင်းနှင်လာသောမော်
တော်ဆိုင်ကယ်အား တာဝန်ထက်ကျော်လွန်ပြီး မင်းမဲ့စရိုက်ဆန်ဆန်ဖမ်းဆီးခဲ့သဖြင့် ဟန်ချက်ပျက်ပြီး လမ်းဘေးတွင်ရပ်ထားသည့် (၁၂)ဘီးကားအား ၀င်တိုက်မိပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း
မိခင်ဖြစ်သူ၏ ပြောပြချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ ကိုမင်းမင်းငယ်နှင့်ကိုပြူးကျယ်တို့သည် ပဲခူးမြို့မှ အင်းတကော်မြို့သို့  ဆိုင်ကယ်ဖြင့်ပြန်လာခဲ့ရာ ဆိုင်ကယ်ဦးထုပ်မပါသဖြင့် အင်တကော်ရဲစခန်းရှေ့အရောက်တွင် မော်တော်ဆိုင်ကယ်ဖမ်းဆီးရေးအဖွဲ့
မှ ယင်းဆိုင်ကယ်အားဖမ်းဆီးခဲ့ရာ ရဲတပ်ကြီးစိုးကြည်မှ ဆိုင်ကယ်အားနောက်မှ လှန်းဆွဲ၍ ၄င်းဆောင်းထားသော ရဲဦးထုပ်ဖြင့် လှန်းရိုက်ခဲ့ရာ ဆိုင်ကယ်ယာဉ်မောင်း ကိုမင်းမင်းငယ်၏ ဦးခေါင်းအားထိမှန်ပြီး ဆိုင်ကယ်
ဟန်ချက်ပျက်ကာ လမ်းဘေးတွင်ရပ်ထားသော ကျောက်တင်ယာဉ်(၁၂)ဘီးကားအား တိုက်မိပြီး နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး သူငယ်ချင်းဖြစ်သူ ကိုပြူကျယ်မှ မေးရိုးလွဲ၍ ရန်ကုန်မြို့ အထွေထွေပြည်သူဆေးရုံသို့ တင်ထားရကြောင်း မျက်မြင်သက်သေးများမှ ပြောသည်။
မိခင်ဖြစ်သူ ဒေါ်ဝင်ကြည်မှ သားဖြစ်သူ သေဆုံးမှုနှင့်ပတ်သက်ပြီး (၁၁. ၆. ၂၀၁၄)ရက်နေ့တွင် အင်းတကော်ရဲစခန်းသို့သွားရောက်ပြီး မင်းမဲ့စရိုက်ဆန်ဆန်ဆိုင်ကယ်ဖမ်းဆီးခဲ့သော ရဲတပ်ကြီး စိုးကြည်းအား
အမှုဖွင့်အရေးယူပေးရန် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်အရေးယူဆောင်ရွက်ပေးခြင်းမရှိပါ။ အောက်ခြေ တာဝန်ရှိသူများမှ လူမှုရေးအရလျှော်ကြေး(၁၅)သိန်းကျပ်ပေးပြီး ဖြေရှင်းအမှုပိတ်ရန် ကြိုးစားနေသည့်အတွက် အမှုမှန်ပေါ်ပေါက်ရန် နိုင်ငံတော်အကြီးများထံသို့
တင်ပြ တိုင်ကြားသွားမည်သူဟု မိခင်ဖြစ်သူမှ ပြောသည်။
သေဆုံးသူမှာ  ကိုမင်းမင်းငယ်(ဘ)ဦးတင်မြင့်၊ (သ) ၃၄ နှစ်၊ အမှတ်(၈)ရပ်ကွက်၊ ဦးကြွယ်ကုန်းပိုင်း၊ အင်းတကော်မြို့ တွင်နေထိုင်သူ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သံလက်သီး(ပဲခူး)

No comments:

Post a Comment