Wednesday, December 10, 2014

ရည်းစားစာပေးသည်ကို လက်မခံသော ကျောင်းသူအား ရှစ်တန်းကျောင်းသားက ဓားဖြင့်ထိုး


ရည်းစားစာပေးသည်ကို လက်မခံ သောကြောင့် ရှစ်တန်း ကျောင်းသားက ကျောင်းသူကို ဓားဖြင့် ထိုးသည့် အမှု တစ်ခု ဒီဇင်ဘာ (၈) ရက်နေ့က လှိုင်သာယာ မြို့နယ်၊ (၁၇) ရပ်ကွက်၊ အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ဖြစ်ပွား ခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ သိရသည်။
ကလေးကို ရဲစခန်းကို ခေါ်ထား ပါတယ်။ ဖြစ်စဉ် ကတော့ မနေ့က (၁၂) နာရီ (၁၅) မိနစ်လောက်မှာ ကျောင်းတက်ရင်း ကနေ ကျောင်းခန်း ထဲမှာ ၀င်ပြီး တော့မှ ဓားနဲ့ ၀င်ထိုးခဲ့တာ ဟု လှိုင်သာယာ မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းသားမှာ ဓားဖြင့် အထိုးခံရသော ကျောင်းသူကို ဒီဇင်ဘာလ (၅) ရက်နေ့က စာလိုက်ပေးရာ ကျောင်းသူက လက်မခံဘဲ ပါးရိုက် ခဲ့သည်ကို မကျေနပ် သောကြောင့် ယခု ကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အရိုးအသွား ကိုးလက်မ ရှိသော ဓားမြှောင်ဖြင့် ကျောင်းသူ၏ ရင်ဘတ်၊ ၀မ်းဗိုက်နှင့် နောက်ကျောတို့ကို လေးချက် ထိုးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဓားဖြင့် အထိုးခံရသော ကျောင်းသူမှာ အင်းစိန် ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေ ရပြီး ဓားဖြင့် ထိုးသော ကျောင်းသားကို ပုဒ်မ (၃၂၆) ဖြင့် အမှုဖွင့် ထားကြောင်း လှိုင်သာယာ မြို့မ ရဲစခန်းမှ သိရသည်။

Messenger News Journal
https://www.facebook.com/pages/Messenger-News-Journal/127099574018030?sk=timeline

No comments:

Post a Comment