Tuesday, December 9, 2014

အသက်ကိုးနှစ်ရွယ်. ဒါပေမယ့် ကမ္ဘာ့အလှဆုံး စူပါမော်ဒယ်


ကမ္ဘာ့အလှဆုံး စူပါမော်ဒယ် အဖြစ် ရုရှားနိုင်ငံမှ အသက် ကိုးနှစ်အရွယ်
ကလေးမလေး တစ်ဦးက အသိအမှတ်ပြု ခံခဲ့ရ ပါတယ်။ သူမ အမည်ကတော့ Kristina Pimenova လို့ အမည်ရပြီး အသက် ၃ နှစ်သား အရွယ်မှာ ကတည်းက မော်ဒယ် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ် ပါတယ်။

အသက် ကြီးလာလေလေ ပိုပြီးတော့ ချစ်စရာ ကောင်းလေလေ ဖြစ်တဲ့ သူမရဲက ရုပ်ရည်ကြောင့် အင်တာနက်မှာရော လူကြိုက်များတဲ့ မော်ဒယ်တစ်ဦး ဖြစ်လာ ပါတယ်။ သူမကို အမေဖြစ်သူက ဓာတ်ပုံ ရိုက်ပြီး Facebook နဲ့ Instagram တို့မှာ တင်ပြီး အားပေးသူ များပြားခဲ့ပါတယ်။
ရုရှားမှာတင် မက ဥရောပတွေမှာ ကမ္ဘာကျော် ကုန်ပစ္စည်း အမှတ်တံဆိပ် အချို့အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုကြော်ငြာ များ ရိုက်ကူးခံခဲ့သူလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း သူမရဲ့ အနုပညာ လှုပ်ရှားမှုများ ရှိနေပြီး ပရော်ဖက်ရှင်နယ် မော်ဒယ်ဘဝနဲ့ အသက်မွေးဝမ်းကျောင်း ပြုမယ့်သူ ဖြစ်ပါတယ်။
တစ်ဖက်ကလည်း မူလတန်း ကျောင်း တက်နေသူ ဖြစ်ပါတယ်။ သူမရဲ့ Facebook နဲ့ Instagram link များ ကတော့ https://www.facebook.com/KristinaPimenova နဲ့ http://instagram.com/kristinapimenova2005 တို့ ဖြစ်ပါတယ်။

အောင်ခမ်း
အောင်ခမ်း

No comments:

Post a Comment