ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၃/ ၂၀၁၄)
၁၃၇၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်
(၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများ
မြှင့်တင်ရန်နှင့် ကာကွယ်ရန်တို့အတွက် မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၄ နှင့် ပုဒ်မ ၉ တို့ပါ ပြဋ္ဌာန်းများအရ
အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင် ကို ဖွဲ့စည်း တာဝန်ပေးလိုက်သည်-
စဉ်
|
အမည်
|
ရာထူး
|
(က)
|
ဦးဝင်းမြ
သံအမတ်ကြီး (အငြိမ်းစား)
|
ဥက္ကဋ္ဌ
|
(ခ)
|
ဦးစစ်မြိုင်
ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)၊ လူမှုဝန်ထမ်းဦးစီးဌာန
|
ဒုတိယ ဥက္ကဋ္ဌ
|
(ဂ)
|
ဦးဇော်ဝင်း
ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ အကျဉ်းဦးစီးဌာန
|
အဖွဲ့ဝင်
|
(ဃ)
|
ဦးယုလွင်အောင်
ဥက္ကဋ္ဌ (အငြိမ်းစား)၊ လူမှုဖူလုံရေးအဖွဲ့၊
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
(င)
|
ဦးညွန့်ဆွေ
ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊
နိုင်ငံခြားရေးဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
(စ)
|
ဒေါက်တာမြင့်ကြည်
ဒုတိယပါမောက္ခချုပ် (စီမံ) (အငြိမ်းစား)၊
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်
|
အဖွဲ့ဝင်
|
(ဆ)
|
ဒေါက်တာ ဉာဏ်ဇော်
ပြည်နယ်ဆေးရုံအုပ်ကြီး (အငြိမ်းစား)
|
အဖွဲ့ဝင်
|
(ဇ)
|
ဒေါက်တာ ဒေါ်သန်းနွဲ့
ပါမောက္ခ/ဌာနမှူး (အငြိမ်းစား)၊
ဥပဒေပညာဌာန
|
အဖွဲ့ဝင်
|
(စ်)
|
ဒေါ်မြမြ
ဒုတိယအထွေထွေမန်နေဂျာ (အငြိမ်းစား)၊
ပြန်ကြားရေးဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
(ည)
|
ဦးခင်မောင်လေး
ညွှန်ကြားရေးမှူး (အငြိမ်းစား)၊
အလုပ်သမားညွှန်ကြားမှုဦးစီးဌာန
|
အဖွဲ့ဝင်
|
(ဋ)
|
ဦးစိုးဘုန်းမြင့်
ဦးစီးအရာရှိ (အငြိမ်းစား)၊
ရှေ့နေချုပ်ရုံး
|
အဖွဲ့ဝင်
|
၂။ မြန်မာနိုင်ငံ
အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ ၆၉ ပါ ပြဋ္ဌာန်းချက်အရ
ပြည်ထောင်စုအစိုးရ အဖွဲ့၏ ၅-၉-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်
(၃၄/၂၀၁၁) ဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်ကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
http://www.president-office.gov.mm/zg/
No comments:
Post a Comment