Saturday, March 16, 2013

“ပတ်စပို့တင်ပြီးပြန်လာသည့် အလုပ်သမား ဇနီးမောင်နှံပုလိပ်ဖမ်း၍ ဘတ်ငွေ ၃၀၀၀ ပေးရ”


၂၀၁၃ မတ်လ ၁၅
     
အလုပ်သမားပတ်စပို့လုပ်ကိုင်ရန် ကုမ္ပဏီ တစ်ခုသို့ လာရောက်ခဲ့သည့်အလုပ်သမားဇနီးမောင်နှံ၂ ဦးတို့ အား မဟာချိုင်အနီး နကပထုန်မြို့မှ ထိုင်းပုလိပ် ဖမ်းဆီး၍ ဘတ်ငွေ ၃၀၀၀ ပေးချေခဲ့ရကြောင်း  အလုပ်သမားက ပြောသည်။
         ဘန်ကောက်မြို့ ဘန်ဘော်ငါးသေတ္တာရုံ အနီး တွင်ဖွင့်လှစ်ထားသော ပတ်စပို့ ကုမ္ပဏီ တစ်ခုသို့
ယာယီပတ်စပို့ လျှောက်ထားရန် လာခဲ့ကြသည့် အလုပ်သမား ဇနီးမောင်နှံနှစ်ဦး တို့မှာ မိမိတို့ လုပ်ကိုင်နေကြသည့် ဆေးဆိုးပန်းရိုက် အလုပ်ရုံ သို့ ရောက်ခါနီးတွင်ပုလိပ်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
        ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမား ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း က“ အလုပ်သမားကို ဖမ်းထားတဲ့ပုလိပ်အရာရှိကို ကျနော်ဖုန်းဆက်တယ်။ ပတ်စပို့ လုပ်ကိုင်နေစဉ် ရက်ပေါင်း ၁၂၀ အတွင်း အလုပ်သမားတွေကို ထိုင်းပုလိပ်တွေ မဖမ်းရဘူး။  ပြန်လွှတ်ပေးဖို့ ကျနော်ပြောပါတယ်။
အလုပ်သမားကိုလည်း
ခဏနေရင် လွတ်လိမ့်မယ်။ ပိုက်ဆံမပေးနဲ့ လို့ ပြောလိုက်တယ်၊ ထိုင်းပုလိပ်တွေ လုပ်ရပ်က စိတ်ပျက်
ဖို့ ကောင်းပါတယ်” ဟုပြောသည်။
    ယနေ့ ပုလိပ်ဖမ်းဆီးငွေညှစ်ခံရသည့် ကိုကျော်ခိုင် နှင့် မအေးကော် တို့ဖြစ်ကြသည်။ ၎င်းတို့သည်  ထိုင်းနိုင်ငံတောင်ပိုင်း ဖတ္တရာမြို့ ကုန်စုံပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်က ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က လုပ်ငန်းရှင်က ပိုက်ဆံခိုးယူသူအဖြစ် စွတ်စွဲခံရ၍ ထိုင်းပုလိပ် ရိုက်နှက်ခံခဲ့ရသူဖြစ်သည်။
     ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT နှင့် မြန်မာအလုပ်သမားညွှန်ကြားရေးမှူး ဦးနိုင်ထွန်း
တို့ ကူညီခေါ်ဆောင်ခဲ့ကြသဖြင့် လွတ်မြောက်လာခဲ့သည့် ဇနီးမောင်နှံဖြစ်သည်။

မြတ်ညို(အလွတ်သတင်းထောက်)

No comments:

Post a Comment